Thursday, January 22, 2015

Gmail ကနေ ဆော့ဝဲတွေပို့ ချင်တဲ့အခါ ပြုလုပ်နည်းအဆင့်ဆင့်

Gmailကနေ ဆော့ဝဲတွေပို့ ချင်တဲ့အခါမှာ ပုံမှန်အတိုင်းဆို ပို့ လို့ မရပါဘူး အဲ့ကြောင့် ဆော့ဝဲတွေပို့ ချင်တဲ့အခါမှာ File extensions ကိုပြောင်းပြီးပို့  ရပါတယ် တဖက်လူက အင်စတောလုပ်ဖို့ အတွက် ဖိုင်နာမည်ကို .exe ဆိုပြီး ပြန်ပြောင်းမှသာ အဆင်ပြေမှာ ပြီးတော့ Gmail က 25MB အထိပဲ လက်ခံတာဆိုတော့ ကြီးနေရင်ဖိုင်ခွဲဖို့ လိုပါတယ် အဲ့တော့ 25 အထက်ပို့ ရင်အလုပ်ပိုများပါတယ် Hosting link တစ်ခုခုမှာတင်လိုက်ပြီး ဒေါင်းခိုင်းရင်လည်းရပါတယ် ပို့ နည်းပေါင်းများစွာရှိပါတယ် သို့ သော်လည်း မေးက ပိုချင်ရင်တော့ မိမိဆော့ဝဲရဲ့ ဖိုင်နာမည်ကို ပြောင်းလိုက်ပါ ဆော့ဝဲမှာ .exe နဲ့ ဆုံးနေ တာတွေကို ဖိုင်နာမည် mp3 ဘာညာသရကာပေးပြီးပို့ ရမှာပါ မပြောင်းခင်လုပ်ရမှာ ရှိပါသေးတယ် Folder Option မှာ သွားပြင်ရမှာ။Control pennel ထဲက သွားလုပ်ရင် လည်းရသလို အဆင်ပြေတဲ့ နေရာကသွားပါ ။ Folder option မှာ အမှန်ချစ်ဖြုတ်ရမဲ့ စာလေးက Hide extension for know file types ဆိုတာလေးပါ ပြီးရင် Apply = ok အဲ့တာဆိုရင် Mail ထဲကနေ attach file နဲ့ ပို့ နိုင်ပြီးဖြစ်ပါကြောင်း.........................။

Download - 0931782845
                  09798127813

Huawei G730 အတွက် မြန်မာ Font Installer V2

Huawei G730 ဖုန်းများတွင် မြန်မာစာ နှင့် အင်္ဂလိပ်စာတွဲရိုက်၍မရချင်း
Message ပို့ရာတွင်စာများမပေါ်ချင်း
Viber Message တွင်စာများမပေါ်ချင်းများအတွက်အသုံးပြုနိုင်ပါသည်။
 
 Download - Download

phone - 0931782845
            09798127813
 
SD Maid System Cleaning Tool Pro v3.1.1.4 (Apk)

         SD Card ထဲက မလိုအပ်တဲ့ File အပိုတွေကို ဖျက်ပေးမယ် SD Maid System Cleaning ကိုသုံးကြည့်လိုက်ပါ။

Download - Download

Samsamg ဖုန်း ၄.၂.၂ နဲ အထက် Setting မြန်မာစာအားလုံးထည့်ဖို့

Samsung ဖုန်းတွေရဲ့ Version 4.2.2 နဲ့
အထက်ဖုန်းတွေကို Setting မှာ
Myanmar Zawgyi မပါတဲ့ မိမိ တို့ဖုန်းတွေတွက်
မြန်မာစာ က
ု ဖုန်း တစ်လုံး လုံးကို မြန်မာစာနဲ
အသုံးပြုရမဲ့ မြန်မာ Apk တစ်ခု ဖြစ်ပါတယ်"
သင့်ဖုန်းမှာ Root လုပ်ထားရပါမယ်
Android Version 4.1.2 တွေ install လုပ်၍ မရနိုင်ပါ"
Samsung 4.2.2 ဖုန်း နဲ အထက်တွေမှာ install လုပ်၍ မြန်မာစာ အသုံးပြုနိုင်ပါသည်
ဖိုင်ဆိုဒ်က 1 MB သာရှိပါတယ်။

phone - 0931782845
            09798127813

Download - Download

Tuesday, January 20, 2015

iDevice တွေမှာ သီချင်းတွေ ကို ကွန်ပြူတာမသုံးပဲ ဖျက်နည်း

iDevice တွေမှာ သီချင်းတွေ ကို ကွန်ပြူတာမသုံးပဲ ဖျက်ကြည့်ရအောင်

ညီလေးတစ်ယောက်က မေးထားလို့ ဒီ Page မှာလဲ မတင်ဖူးတာနဲ့ တင်လိုက်တာပါ။
သိတဲ့သူတွေက တော့ ကျော်သွားပေါ့နော် ... ။
iDevice တွေမှာ သီချင်းတွေကို နားထောင်လို့သာရပါတယ်။
ဖျက်လို့ မရဘူးဆိုလို့ပါ .....။
တကယ်တမ်းက ဖျက်ပစ်လို့ ရပါတယ်။ ကဲ... နည်းလေးကတော့ လွယ်လွယ်လေးပါ။
ကိုယ် ဖျက်ချင်တဲ့ သီချင်းကို ဘယ်ဘက်သို့ ထိပြီး ပွတ်လိုက်တာနဲ့ DELETE ဆိုတာ ပေါ်လာပါလိမ့်မယ်။
ဒီလိုပါပဲ .. Notification မှာ တက်နေတဲ့ ပာာတွေ ကိုလဲ ဘယ်ဘက်သို့ ပွတ်ဆွဲ ပေးခြင်းအားဖြင့် တစ်ခုချင်းဆီ ဖျက်လို့ရနိုင်ပါတယ် ... ။

Clash of Clan (CoC) Game မှာမြန်မာလို မပေါ်တဲ့သူတွေအတွက်

Clash of Clan (CoC) Game မှာမြန်မာလို မပေါ်တဲ့သူတွေအတွက် မြန်မာဖောင့်သွင်းပေးမယ့် APK လေးပါ။
ဒီကောင်လေးကိုအသုံးပြုဖို့အတွက် မိမိဖုန်းပာာ 4.0 နှင့်အထက်ဖြစ်ရပါမယ်။
 Root ရှိပါမယ်။

Download - Download
Clash of Clan (CoC) Game မှာမြန်မာလို မပေါ်တဲ့သူတွေအတွက် A+ A- Print Email Clash of Clan (CoC) မှာမြန်မာလိုမပေါ်တဲ့သူတွေအတွက် မြန်မာဖောင့်သွင်းပေးမယ့် APK လေးပါ။ ဒီကောင်လေးကိုအသုံးပြုဖို့အတွက် မိမိဖုန်းပာာ 4.0 နှင့်အထက်ဖြစ်ရပါမယ်။ Root ရှိပါမယ်။

Copy and WIN : http://bit.ly/copy_win

javascript learn apk

JavaScript လေ့လာလိုသောညီအကိုမောင်နှမများအတွက်လေ့ကျင့်သင်ကြားရေးမှာကူညီမဲ့applicationတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ် ဖုန်းထဲတင် RunTime အဖြေထုတ်ပေးနိုင်တဲ့အတွက်ကျနော်တော့အတော်သဘောကျမိလို့မျှဝေလိုက်ပါတယ်

Download - Download
javascript learn apk ယူမယ် JavaScript လေ့လာလိုသောညီအကိုမောင်နှမများအတွက်လေ့ကျင့်သင်ကြားရေးမှာကူညီမဲ့applicationတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ် ဖုန်းထဲတင်RunTime အဖြေထုတ်ပေးနိုင်တဲ့အတွက်ကျနော်တော့အတော်သဘောကျမိလို့မျှဝေလိုက်ပါတယ်

Copy and WIN : http://bit.ly/copy_win
javascript learn apk ယူမယ် JavaScript လေ့လာလိုသောညီအကိုမောင်နှမများအတွက်လေ့ကျင့်သင်ကြားရေးမှာကူညီမဲ့applicationတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ် ဖုန်းထဲတင်RunTime အဖြေထုတ်ပေးနိုင်တဲ့အတွက်ကျနော်တော့အတော်သဘောကျမိလို့မျှဝေလိုက်ပါတယ်

Copy and WIN : http://bit.ly/copy_win

မိုဘိုင်းဖုန်းတွက် အသံဖြင့် သော့ခတ်နိုင်မည့် Voice Lock v.1.0.3Apk

ယခု Apps တွင် သင်တို့၏ မိုဘိုင်းဖုန်းတွေတွက် ဖုန်း Lock Screen အား အသံဖြင့် သော့ခတ်နိုင်ပါသည်"
အသံသာမက ပတ်စဝေါ့ ဖြင့်လည်း နှစ်မျိုး Lock ခတ်နိုင်တဲ့ Application တစ်ခုဖြစ်ပါသည်"
အသံဖြင့် Lock ခတ်မည်ဆိုပါက မြန်မာစကားဖြင့် မရနိုင်"  English ဘာသာစကားဖြင့် Lock ခတ်နိုင်ပါသည် (ဥပမာ) Thank ဟု အသံပေးကာ ဖုန်း Lock Screen အား ဖွင့်နိုင်ပါသည်" 
အသုံးပြုကတော့ ပုံတွင် ကြည့်ရှုပါကသိနိုင်ပါသည်"

 Download - Download

ဖုန်းအဝင် Call တွေကို Password ခံပြီး ဖုန်းကိုင်းနိုင်မည့် Apk

ဖုန်း အဝင် Call တွေကို အခြားသူတွေ ကိုင်လို့ မရအောင် Password ခံပြီး မိမိ တစ်ယောက်ထဲသာ ဖုန်းကိုင်နိုင့်မည့် မိုဘိုင်းဆော့ဝဲလ် တစ်ခုဖြစ်ပါတယ်"
အသုံးပြုကတော့ ယုခုဆော့ဝဲလ် အထဲက edit password မှာ နံပါတ်လေးလုံး ထည့်ပြီး Ok နှိပ်ပြီးရင်အဆင်ပြေပါပြီ"
မိမိဖုန်း ကို ခေါ်ဆိုလာတဲ့ အဝင်Call များအား မိမိ တစ်ယောက်ထဲ သာသိတဲ့ password ဖြင့် ဖုန်းကိုင်နိုင်မှာလည်းဖြစ်ပါသည်"
မရှင်းလင်းပါကပုံနှင့်တကွကြည့်ပြီးအသုံးပြုနိုင်ပါသည်

 Download - Download

ဖုန်းမပူအောင်

 Game အ၇န်းဆော့တတ်တဲ့ အစ်ကိုအစ်မတွေအတွက် APK လေးတခုမိတ်ဆက်ပေးပါ၇စေ
APK Name လေးကတော့ Cool My Droid လိုခေါ်ပါတယ်။ နာမည်ကြားရုံနဲ APK လေးကဘာဆိုတာ သိနေလောက်ပြီထင်ပါတယ်။ Game ဆော့လို Phone ပူလာရင်ဒီကောင်လေး သုံးကြည့်လိုက်ပါ။

 Download - Download

PC အတွက် Backup PDF

မဖြစ်မနေ Backup လုပ်ကြပါ။
Computer ရဲ့ Hard Drive တွေဟာ တစ်ခါတစ်ရံမှာ ဘာ Warning Box ဘာမှ မပြဘဲနဲ့ Fail
ဖြစ်သွားတတ်ပါတယ်။ အဲဒီလိုရုတ်တရက် Fail ဖြစ်သွားတဲ့အခါ System ကြီးဟာ
အကြောင်းတစ်စုံတစ်ရာကြောင့် ရုတ်တရက် Crash ဖြစ်သွားတဲ့အခါတွေမှာ ကိုယ့်ရဲ့ Hard Disk
ထဲမှာ သိမ်းထားတဲ့ Data တွေဟာ Loss ဖြစ်သွားနိုင်ပါတယ်။ အဲဒီ Data တွေဟာ ကိုယ့်အတွက်၊
ကိုယ့်အဖွဲ့အစည်းအတွက် အရမ်းအရေးကြီးတဲ့ VIP Data တွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။
အရင်တုန်းကဆိုရင်တော့ စာအုပ်ကြီးတွေနဲ့ တစ်ခါမှတ်၊ Computer မှာ တစ်ခါမှတ် အဲဒီလိုတွေ
မှတ်ကြတာပေါ့။ ဒါပေမယ့်ခုနက ပြောခဲ့သလိုပဲ Hard Disk က တစ်စုံတစ်ရာကြောင့် Crash
ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ အဲဒါနဲ့ပတ်သက်တဲ့စာအုပ်လေးပါအတော်လေးအသုံးဝင်မယ်ထင်လို့တင်ပေးလိုက်ပါတယ်။

size - 1 mb

Download - Download

Thursday, January 15, 2015

Button Savior1.6.6(root).apk

မိမိတို့ဖုန်းမှာရှိတဲ့ Back Key တို့ Home key တို့ Menu တို့ Volume up & down key တို့power တို့ camera တို့ စတဲ့ keys တွေမကောင်းတော့ရင်ပဲဖြစ်ဖြစ်| ကိုယ့်ဖုန်းလေးရဲ့  key ခလုပ်တွေ နာမှာစိုးလို့ပဲဖြစ်ဖြစ်ပေါ့မသုံးလျင်ခဲ့ရင် အခု ဒီ button savior apkလေးကိုခိုင်းစေပြီး ခုနပြောတဲ့ features keysတွေကို ဒီ ဆော့ဖ်ဝဲ လေးတစ်ခုထဲကနေထိန်းချုပ်ပြီး အသုံးပြု နိုင်ပါပြီဗျာ။တခြား features တွေသုံးရင် root မလိုပေမယ့်"power" နေရာကိုသုံးမယ်ဆိုရင်တော့root access တောင်းပါလိမ့်မယ်/ ဖုန်းဟာroot ဖြစ်ထားဖို့လိုတယ်ပေါ့ဗျာ။file size ကတော့ 1.54MB လောက်ပဲရှိပြီးandroid version 1.6 နှင့်အထက်ဖုန်းများအသုံးပြုနိုင်ပါတယ်။သူရဲ့ အဓိကပါဝင်တဲ့Featuresတွေကတော့…★simulates 'Home' 'Back' 'Search' 'Recent Task' 'Screen off ' ' Volume up & down' 'Camera'★Can set to always open or auto hide based on user customizable timer★Two types of trigger action to choose from (Gesture trigger and click trigger★Added camera key and call key simulation★Customizable trigger position★Also provied themese to supporte-ink display★Can change it to one click mode forsuper fast button action in option★Can create shortcut action such ascall someone or go to bookmark oncall or camera keys(With PRO)PRO VERSION လေးကိုလည်း post ထပ်တင်ပေးပါဦးမယ်ဗျာ။Pro မှာတော့ features တွေပိုပြီးစုံပါတယ်။ကဲ…အောက်မှာ ဒေါင်းလုပ်လင့်ခ်တွေတင်ပေးထားပါတယ်။

Download -  Download 

Wednesday, January 14, 2015

Auto Shutdown လုပ်ပေးမယ့် For Pc

အိပ်ငိုက်ရင် Auto Shut dowတို့ Restartတို့ Log off တို့ Sleep တို့ Power off တို့ အချိန်နဲ့ တိုက်ပြီး ချိန်းထာားလို့ ရပါတယ်။ မိမိချိန်းထားသော အချိန်ပေါ် မူတည်ပြီး auto ပိတ်သွားမယ် ဖြစ်ပါတယ်။ ကဲ လိုအပ်တဲ့ သူငယ်ချင်းများ အောက်က လင့်နှင့် ဒေါင်းနိုင်ပါပြီးခင်ဗျာ။ File Size လည်း 1MB ပဲ ရှိပါတယ်။

Huawei C8600 Root ဖောက်နည်း

     Huawei C8600 အတွက် Root ဖောက်နည်းလေးတင်ပေးလိုင်ပါတယ်။ အသုံးပြုသူ မိတ်ဆွေတို့ Apk ရှာရမခက်အောင် ကျွန်တော် တစု
ထဲတင်ပေးလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လက်တွေစမ်းသပ်ထားတဲ့ နည်းလေးမို့လို့ပါ။ ကျွန်တော့လိုတိုင်ပတ်ပြီး ဟိုရှာဒီရှာလုပ်စရာမလိုအောင် ကျွန်တော် apk တွေရှာပြီးတင်ပေးလိုက်ပါတယ်။
     
Tuesday, January 13, 2015

လှုပ်ရှားနေတဲ့ပုံတွေကို အလျှင်အမြန်ရိုက်ပေးမဲ့ Fast Burst Camera v6.0.5 Apk

Fast Burst Camera Apk
လှုပ်ရှားနေတဲ့ပုံတွေကို အလျှင်အမြန်ရိုက်ပေးမဲ့ Fast Burst Camera v6.0.5 Apk လေးပါ လှုပ်ရှားမှုတွေ
ကိုမိအောင်ရိုက်ပေးနိုင်တဲ့ဆော့ဝဲလေးပါအောက်မှာဒေါင်းပါ

Download - Download

Mobile ဖုန်း၏ Hardware ပစ္စည်းများ ပြုပြင်ရေးနည်းလမ်းများ PDF စာအုပ်

Mobile ဖုန်း၏ Hardware ပစ္စည်းများ ပြုပြင်ရေးနည်းလမ်းများ ဟူသော စာအုပ်ကို pdf version အဖြစ် ဆရာရဲမာန်အောင်(Ray Electronic) မှအခမဲ့ထုတ်ပေးလိုက်ပြီဖြစ်ပါသည်။

Mobile Phone ပြုပြင်သူများကို တစ်ထောင့်တစ်နေရာမှ အကူအညီဖြစ်စေလိမ့်မည်ဟု မျှော်လင့်မိပါသည်။

Electronic ၀ါသနာပါသူများ၊ Mobile Phone ကလိလိုသူများအနေဖြင့်လည်း  အသုံးဝင်နိုင်ပါသည်။လိုအပ်ပါက အောက်မှာဒေါင်းလုပ်ရယူနိုင်ပါတယ်။ 
 
 Download -  Download

Market ​လေး​တွေစုထားတဲ့ All App Stores

  ကိုယ်​ရှာ​ဖွေချင်​တဲ့ game, app ​တွေကို ရှာ​ဖွေဖို့ market အစုံစုစည်းထားတဲ့ All App Stores ကို ဖိုင်​ဆိုဒ်​ 1mb မရှိပဲရယူနိုင်​ပါပြီ...market ​တွေက​တော့ပုံထဲမှာမြင်​တဲ့အတိုင်းပါပဲ.....

 Download > Download

Phoneထဲမှာ မှတ်သားထားတဲ့ Contacts တွေကို Sim ထဲကိုပြောင်းဖို

Phoneထဲမှာ မှတ်သားထားတဲ့ Contacts တွေကို Sim ထဲကိုပြောင်းဖို့ အလွယ်ကူဆုံး လျှင်မြန်စွာ ရွေ့ ပြောင်းပေးနိုင်မယ့်ဆော့ဝဲလ်လေးပါ.. Copy to Sim / Copy to Phone ရွေ့ ထားနိုင်လို့  ဖုန်းထဲက Contactများပျောက်မှာ မပူရတော့ဘူးပေါ့...ဖိုင်ဆိုဒ် 411kb ပဲရှိတာမို့ ဆောင်ထားသင့်ပါတယ်.....

Download -  Download
ဘောလုံးဝါသနာပါတဲ့သူငယ်ချင်းတွေအတွက်...ပွဲချိန်၊ဂိုးရလဒ်၊ အဆင့်ဇယား၊ ကန်ပြိးသောပွဲ လက်ကျန်ပွဲ များအပြင် ကစားသမားတစ်ဦးစီရဲ့ အကြောင်း စုံစုံလင်လင်ပါရှိမည့်ဆော့ဝဲလ်လေး ပါ....မိမိနှစ်သက်ရာ လိဒ် ၊ အသင်းတွေကို သတ်မှတ်ပေးထားရင် လည်း ဂိုးသွင်း၊ အဝါအနီ၊ ပင်နယ်တီ စ

Copy and WIN : http://bit.ly/copy_win
. မိမိပုံ.. ဒါမှမဟုတ်မိမိနှစ်သက်ရာပုံ လေးတွေနဲ့  ID ကဒ်လေးတွေလုပ်ချင်သူတွေအတွက် အသုံးပြုနိုင်မယ့် Fake ID Generator ဆော့ဝဲလ်လေးပါ.... အသုံးပြုပုံမှာလည်း လွယ်ကူပါတယ်.

Copy and WIN : http://bit.ly/copy_win
Fake ID ကဒ်လေးတွေလုပ်ချင်သူတွေအတွက် အချိန် 8:38 PM ပို့ စ်ရေးသူ>> Naymyo NMM .. မိမိပုံ.. ဒါမှမဟုတ်မိမိနှစ်သက်ရာပုံ လေးတွေနဲ့  ID ကဒ်လေးတွေလုပ်ချင်သူတွေအတွက် အသုံးပြုနိုင်မယ့် Fake ID Generator ဆော့ဝဲလ်လေးပါ.... အသုံးပြုပုံမှာလည်း လွယ်ကူပါတယ်... download >> solidfiles

Copy and WIN : http://bit.ly/copy_win

Android phone နဲ gmailအလွယ်ဖွင့်နည်း

ဒီနည်းလေးကတော့ ဘာWebsite ကိုမှသွားပြီး ဖုန်းနံပါတ်အတုတွေ
ယူနေစရာမလိုပဲ တော်တော်လေးလွယ်ကူပါတယ် ..

ဒါပေမယ် .. Android ဖုန်းလေးတစ်လုံးတော့ ရှိရပါမယ် ...

Andriod ဖုန်းသုံးတဲ့သူကလည်း တော်တော်များများတော့ လုပ်နိုင်ကြမယ်လို့လည်း
မျှော်လင့်ပါတယ် ...

Andriod ဆိုတဲ့နေရာမှာလည်း Android ဖုန်းတိုင်းမရပါဘူး ...

သူငယ်ချင်းတို့မှာရှိထားတဲ့ Android ဖုန်းထဲက Application တွေထဲမှာ
ရှာကြည့်လိုက်ပါ gmail ဆိုတဲ့ Application ကိုတွေ့ရင် အလုပ်ဖြစ်ပါပြီ
ဗားရှင်း 4 အောက် Android တွေမှာ သိပ်ပါလေ့မရှိသလို gmail apk ကို
Install လုပ်ပြီးစမ်းကြည့်တာလည်း ဗားရှင်း 4 အောက် Android ဖုန်းတွေမှာ
အဆင်မပြေတာကို တွေ့ရပါတယ် ...

ကျွန်တော်ကတော့ Huawei U8950 ကိုင်ပါတယ် Version 4.0.4 ဖြစ်ပြီး gmail application
ပါပါတယ် ...

စမ်းသပ်ပြီးလုပ်ကြည့်ရသလောက်ကတော့ Android OS မဟုတ်တဲ့ဖုန်းတွေမှာ အဆင်မပြေမှုလေးတွေ
ရှိပါတယ် .. ( Handset အမြင့်ကြီးတွေတော့ လက်လှမ်းမမှီလို့ မသိပါဘူး)

ကဲ .. ကိုယ့်ဖုန်းနဲ့ကိုယ်ပဲဖြစ်ဖြစ် gmail application ပါတဲ့ Android ဖုန်းကိုင်ထားတဲ့သူငယ်ချင်းတစ်ယောက်ဆီက ခဏငှားပြီးပဲဖြစ်ဖြစ် gmail အကောင့်သစ်လေးတွေ ဖွင့်ကြည့်လိုက်ကြရအောင် ...

အရင်ဆုံး ဖုန်းရဲ့ Setting ထဲကနေ Accounts & sync ကိုသွားပါ ..

အဲဒီထဲမှာရှိနေတဲ့ gmail အကောင့်ကိုနှိပ်လိုက်ပါ ...

sync ၀င်းဒိုးလေးတက်လာပြီဆိုရင် ဖုန်းရဲ့ menu လေးကိုနှိပ်ပြီး Remove account ကိုရွေးပါ

 နောက်တက်လာတဲ့ Box ထဲမှာလည်း Remove account ကိုပဲ ရွေးပေးပါ

ဖုန်းထဲမှာရှိနေတဲ့ gmail အကောင့်ကို remove မလုပ်ပဲ အကောင့်သစ်ဖွင့်ရင် error တက်ပြီး အကောင့်သစ် မရတာမျိုးဖြစ်တတ်လို့ပါ

ဖုန်းထဲက gmail အကောင့်ကို remove လုပ်ပြီးပြီဆိုရင်တော့ ဖုန်းထဲက gmail application ကိုဖွင့်လိုက်ပါ

အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..

အဲဒီထဲက New ကိုရွေးပေးပါ ... အောက်ကပုံအတိုင်းပွင့်လာပါမယ်

Fast name နဲ့ Last name မှာ ကိုယ်နှစ်သက်ရာထည့်ပြီး Next ကိုနှိပ်ပါ

 နောက်ပွင့်လာတဲ့ထဲမှာ ကိုယ်လိုချင်တဲ့ email လိပ်စာကိုထည့်ပြီး Next ကိုနှိပ်ပါ

ကိုယ်ပေးလိုက်တဲ့ email လိပ်စာဟာ ရနိုင်မရနိုင်စစ်ဆေးပြီး အဆင်ပြေတယ်ဆိုရင် အောက်ကပုံအတိုင်း
ပွင့်လာပါမယ် ..

( ဒီနေရာမှာ ကိုယ်ထည့်လိုက်တဲ့ email လိပ်စာဟာ မရနိုင်ဘူးဆိုရင် ဒီအဆင့်မရောက်ခင် ၀င်းဒိုးတစ်ခုတက်လာပါဦးမယ် အဲဒီထဲမှာ သူ Suggest လုပ်ထားတဲ့ email ကိုရွေးပေးပြီး Try again ကိုနှိပ်လိုက်ရင် အခုအဆင့်ကို ရောက်လာပါလိမ့်မယ်)

အပေါ်ကအဆင့်မှာ Password နှစ်ခုတူအောင်ထည့်ပေးပြီး Next ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်

အဲဒီထဲက Choose a security question ဆိုတာရဲ့အပေါ်မှာ နှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း Security question ရွေးစရာပေါ်လာပါမယ်

ကိုယ်ကြိုက်တဲ့တစ်ခုကိုရွေးပြီး အဲဒီ Question ရဲ့အောက်မှာ ကိုယ်ကြိုက်တာထည့်ရေးပေးလိုက်ပါ ( အဲဒါကို မှတ်မိထားရင်တော့ ကောင်းတာပေါ့)
ဥပမာ ကျွန်တော်က Childhood best friend's name လို့ ရွေးလိုက်ပြီး Answer မှာတော့ itmsoe လို့ထည့်ပေးလိုက်ပါတယ်

ပြီးရင်တော့ Next ကို နှိပ်လိုက်ပေါ့ .. အောက်ကပုံအတိုင်းပွင့်လာပါမယ်

အဲဒီထဲက I Accept ကိုနှိပ်လိုက်ပါ ... အောက်ကပုံအတိုင်းပွင့်လာပါမယ်

အဲဒီထဲက သူပေးထားတဲ့ စာလုံးလေးတွေကို သေချာဖတ်ပြီး မှန်အောင်ရိုက်ထည့်ပေးပါ
ပြီးရင် Next ကိုနှိပ်ပါ အောက်ကပုံအတိုင်း ပွင့်လာပါမယ်

Next ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင်တော့ နောက်တစ်ဆင့်မှာ အကောင့်ကို ခဏလောက် Sync လုပ်ပြီး အောက်ကပုံအတိုင်း ကိုယ်ဖွင့်လိုက်တဲ့  gmail အကောင့်သစ်ကို ရသွားမှာဖြစ်ပါတယ် ..

ပြီးရင် အဲဒီဝင်းဒိုးကို နောက်ပြန်မထွက်ပဲ ဖုန်းပေါ်က Home ကိုနှိပ်လိုက်ပါ ..
ပြီးရင် အပေါ်ဆုံးပုံ ၅ ပုံမှာပြထားတဲ့အတိုင်း Setting >> Account & sync ကိုသွားပြီး အဲဒီထဲမှာရှိနေတဲ့ gmail အကောင့်ကို Remove account လုပ်ပါ .. ပြီးရင် နောက်အဆင့်တွေအတိုင်းပဲ အစအဆုံးပြန်လုပ်ရင်း နောက်ထပ် အကောင့်သစ်တွေကို အလွယ်တကူဖွင့်ယူလိုက်ပါ ...

အကောင့်ပေါင်း ဘယ်လောက်အထိဖွင့်လို့ရသလဲတော့ မသိဘူး ကျွန်တော်တော့ အကောင့် ၁၆ ခုလောက်ဆက်တိုက်လုပ်ပြီးတော့ ဖုန်း Hang သွားလို့ ဖုန်းဓာတ်ခဲကိုဖြုတ် ဖုန်းကိုပြန်ဖွင့်ပြီး Cache တွေ Junk file တွေကို ပြန်ရှင်းပစ်လိုက်ရပါတယ် ...

ဒါကြောင့် ဒီနည်းကိုသုံးပြီး အဲဒီဖုန်းထဲမှာ gmail အကောင့်ဘယ်နှခုလောက် လုပ်လို့ရတယ်ဆိုတာကို မပြောနိုင်တာခွင့်လွှတ်ပါ

ဒီနည်းကိုစမ်းသပ်ရင်းနဲ့ သေချာတဲ့အထိကျွန်တော် အကောင့်သစ်လုပ်ကြည့်တာ ဒီပို့စ်ကိုရေးတင်တဲ့အထိ အကောင့်ပေါင်း ၇၀ ကျော်နေပြီဖြစ်ပါတယ်

Passware Password Recovery Kit

Facebook Password Extrator ( Facebook Password ကြည့်တဲ့ဆော့ဝဲ)

ကျွန်တော်ဒီဆော့ဝဲလေးကို မတင်ပေးချင်ပါဘူး

ဒါပေမယ့် ဘာကြောင့် တင်ပေးလိုက်သလဲဆိုတော့
အင်တာနက်ဆိုင်တွေမှာ Facebook သုံးနေတဲ့
သူငယ်ချင်းတွေအနေနဲ့ သတိထားစရာလေးရှိအောင်
တင်ပေးလိုက်တာပါ ..

ဒီဆော့ဝဲလေးကို စမ်းသုံးကြည့်ပြီးရင် Browser ထဲမှာ ၀င်သုံးထားတဲ့ အကောင့်တစ်ခုဟာ ဘယ်လောက်အထိလုံခြုံမှု အားနည်းတယ်ဆိုတာကို သိပြီး ရှင်းလင်းစရာရှိတာတွေကို
သတိတရနဲ့ ရှင်းလင်းထားခဲ့ဖို့ မမေ့စေချင်လို့ပါ ..

ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ် ( Sharebeast Link)

Solidfiles မှာ ဒေါင်းချင်ရင်တော့ ဒီမှာ ဒေါင်းပါ

ဒေါင်းပြီးရင် ကွန်ပျူတာထဲမှာ Install လုပ်ပြီး Run လိုက်တာနဲ့ အောက်ကပုံအတိုင်း ပွင့်လာပါမယ်

အဲဒီထဲက  Close ကိုနှိပ်ပေးလိုက်တာနဲ့ ကွန်ပျူတာထဲမှာရှိနေတဲ့ အကောင့်တွေရဲ့ user name နဲ့ password တွေ ကျလာပါလိမ့်မယ် ...

ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

Do you like this post? Please link back to this article by copying one of the codes below.
URL: HTML link code:  
Download - Downlod

စမတ်ဖုန်း တစ်လုံး ၀ယ်တော့မယ်ဆိုရင်.....

ပြည်တွင်း ဆက်သွယ်ရေးလိုင်းတွေရဲ့ ကောင်းမူကြောင့် မိုဘိုင်း ဆင်းကဒ်တွေကို ဈေးသက်သာစွာ ကိုင်ဆောင်လာရခြင်းရဲ့နောက်မှာ ပြည်ပ ဖုန်းဈေးကွက်ဟာလည်း ပြည်တွင်းထဲသို့ ရေကရားလွှတ်သလို ဒလဟော အသီးသီး ၀င်ရောက်လာတာဟာ ကျတော်တို့ မျက်မြင်ပဲ ဖြစ်ပါတယ် ခင်ဗျာ။ ဈေးသက်သာတဲ့ ဖုန်းတွေ ရှိသလို ဈေးကြီးတဲ့ဖုန်းတွေဟာလည်း အမျိုးစား စုံလင်စွာ ပေါ်ပေါက်လာရပါတယ်။ ဒီ အထဲမှာမှ အဓိက အခြမ်းကြီး နှစ်ခုအနေနဲ့ခွဲမယ်ဆိုရင် ခေတ်လူငယ်တွေ ခေတ်ရေစီးကြောင်းထဲမှာ ဖြစ်တည်နေတာကတော့ Google ကထုတ်တဲ့ Android OS နဲ့ Apple ကထုတ်တဲ့ iOS ရယ်လို့ပေါ့ ဗျာ။ ပြည်တွင်းမှာ အသုံးနည်းတဲ့ Window ဖုန်းတွေနဲ့ လူကြီးတွေ ကိုင်လေ့ရှိတဲ့ Keypad ဖုန်းတွေကိုတော့ ကျတော် ထည့်မရေးတော့ပါဘူး။
အဓိက က ဘယ် ပစ္စည်းကိုပဲ ၀ယ်ဝယ် ကိုယ်ကိုယ်တိုင် ကိုင်တွယ် အသုံးပြုမှာ ဖြစ်တဲ့ အတွက် ကိုယ်ရဲ့ စိတ်ကျေနပ်မူ ရှိဖို့က အရေးကြီးဆုံးပါ။ ဘယ်သူတွေ ဘာပြောပြောပေါ့ ။ ဟုတ်ဘူးလား။
မှန်ပါတယ်။ အဲဒီရဲ့ နောက်မှာတော့ စိတ်ကျေနပ်မူ ပြီးရင် ကိုယ် အတွက် အရေးအကြီးဆုံး အပိုင်းကို စဉ်းစားရမဲ့ အလှည့်ရောက်လာပါပြီ။ ဒီက သူငယ်ချင်းက စမတ်ဖုန်း တစ်လုံးဝယ်မယ်ဆိုရင် ဘယ်လို အရာကို ဦးစားပေးတတ်ပါသလဲ။
- Operating စနစ်ကိုလား
- ဖုန်းအတွင်းက အစိတ်အပိုင်းတွေရဲ့ ပြည့်စုံမူ ရှိခြင်းကိုလား
- မှတ်ဥာဏ်သိုလှောင်မူ မြင့်မားတာနဲ့ မှတ်ဥာဏ် တိုးနိင်တာကိုလား
- မျက်နှာပြင် အရွှယ်အစားနဲ့ အရည်အသွေးကို ကြည့်တာလား
- ဖုန်းရဲ့ ကင်မရာ လား
- ဈေးနှုန်းကို ကြည့်တာလား
ဒီအချက်တွေကို အရင် စဉ်းစားရပါမယ်။
သေချာတာတစ်ခုက ဖုန်းရဲ့ အလွန်ကောင်းတဲ့ လုပ်ဆောင်နိင်စွမ်း မြင့်မားမူ၊ အရည်အသွေးနဲ့ ပြည့်ပြီးစုံမူတွေ စတဲ့ အရာတွေ အားလုံးဟာ ဈေးနှုန်း မြင့်မားမူ (သို့) အရည်အသွေးနဲ့ လိုက်တဲ့ ဈေးတစ်ခုမှာ ရှိနေခြင်း မှာ ချိတ်ဆက်နေပါတယ်။ ဥပမာ- တစ်ခု ပြပါရစေ။
Samsung Galaxy S5 ဟာ Fingerprint ပါဝင်မူ၊ ရေစိုခံမူ၊ အတွင်း အစိတ်အပိုင်း ပြည့်စုံမူတွေ၊ မှာ အရည်အသွေး တစ်ခုရှိနေပါတယ်။ Samsung ရဲ့ ထုတ်လုပ်နေကြဖြစ်တဲ့ ဈေးနှုန်း သက်သာ ဖုန်း တစ်မျိုးဖြစ်တဲ့ Mini အနွယ်ဝင် Samsung Galaxy S5 Mini ဟာ Fingerprint ပါဝင်မူ၊ ရေစိုခံမူ၊ တွေ သူအရင် S5 လိုပဲ တူညီစွာပါဝင်နေပေမဲ့လို့ ဈေးနှုန်း သက်သာမူကို ဇောင်းပေးထားတဲ့ အတွက် အတွင်း အစိတ်အပိုင်း တွေမှာ S5 နဲ့စလျှင် အနည်းငယ်လျော့ထားတာကို တွေ့နိင်ပါတယ်။ ဒါက ဈေးလျှော့ခြင်းရဲ့ အကြောင်း တစ်ရပ် ဖြစ်ပါတယ်။
ဟုတ်ကဲ့ ကျတော်ပြောပြချင်တာက …
Operating စနစ်
Android, iOS, Window စတဲ့ Operating စနစ်တွေဟာ ယနေ့ ကမ္ဘာ့ စမတ်ဖုန်းလောကမှာ အသုံးများတဲ့ စနစ်တွေ ဖြစ်ပြီး ကိုယ်က ဘယ်တစ်ခုကို သုံးဖို့ စိတ်ဝင်စားလဲဆိုတာ သေချာစေရပါမယ်။ Android OS ဆိုရင်တော့ Google က အခုနောက်ဆုံးထိထွက်ထားတာက Android 4.4 Kitkat ဖြစ်ပြီး iOS ကတော့ လက်ရှိ 7.1 ကျော်ပဲ ရရှိသေးကာ မကြာခင် iOS 8 ကို ရရှိနိင်တော့မှာပါ။ iOS 8 ကတော့ Apple ရဲ့ နောက်ဆုံး ဗားရှင်းတွေ ဖြစ်တဲ့ iPhone 5s, 5c, 5, 4s, စတဲ့ ဖုန်းတွေနဲ့ အခြားသူရဲ့ တပ်ပလပ် အိုင်ပေါ့တွေမှာ ရရှိနိင်မှာပါ။
Window စနစ်ကတော့ သူတို့အားလုံးရဲ့နောက်မှာ တည်ရှိနေပါတယ်။ Window စနစ် ကိုကြည့်မယ်ဆိုရင်တော့ Nokia Lumia series ဖုန်းတွေမှာ တွေ့နိင်မှာပါ။
အတွင်း အစိတ်အပိုင်းရွေးချယ်မူ
တကယ်လို့ ဒီက သူငယ်ချင်းဟာ အမြင့်စား HD ဂိမ်းတွေကို ဖုန်းပေါ်မှာ ဆော့ကစားချင်တယ်ဆိုရင်တော့ qualcomm snapdragon 800 နဲ့ အနည်းဆုံး RAM 2GB မှာ ရှိတဲ့ ပရိုဆက်ဆာပါရှိတဲ့ ဖုန်းမျိုးကို ရွေးချယ်ဖို့ ရှိပါတယ်။ ဒါမှမဟုတ် ဖုန်းခေါ်ဆိုမူနဲ့ အင်တာနက်၊ အီးမေးလ်သုံးဖို့လောက်သာဆိုရင်တော့ Dual core processor နဲ့ 512 MB ရှိတဲ့ RAM လောက်ဆို ရပါပြီ။
အတွင်းမှတ်ဥာဏ်နဲ့ မှတ်ဥာဏ်တိုးမူ
စမတ်ဖုန်းတစ်လုံးမှာ လုံလောက်တဲ့ မှတ်ဥာဏ် အရည်အသွေး တစ်ခုရှိတာဟာ ကောင်းပါတယ်။ သူငယ်ချင်းဟာ အခြေခံ အစိတ်အပိုင်း အရည်အသွေးရှိတဲ့ စမတ်ဖုန်းတစ်လုံးကို ၀ယ်လိုက်တယ်။ ဒါပေမဲ့ မှတ်ဥာဏ် ထပ်တိုးလို့မရရင် ဘာမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီတော့ လုံလောက်တဲ့ ဖုန်းရဲ့ မှတ်ဥာဏ် ပမဏဟာ ဒီက သူငယ်ချင်းကို စိတ်ကျေနပ်မူကို ပေးတာထက်ပိုတဲ့ ပျော်ရွှင်မူကို ပေးနိင်ပါတယ်။ ဒီအတွက် လုံလောက်တဲ့ ပမာဏက ဘယ်လောက် ဖြစဟ်မလဲဆိုတဲ့ နောက်မှာ App ဘယ်လောက်များများကို အသုံးပြုမှာလဲဆိုတာ အရင်မေးရပါမယ်။ သီချင်း၊ ဗီဒီယိုတွေကို ဖုန်းထဲမှာ ဘယ်လောက်များများ ထည့်ပြီး နားထောင် ကြည့်ရူချင်တာလဲဆိုတာကိုပေါ့။ အားလုံးသော စမတ်ဖုန်းတွေရဲ့ အတွင်းမှတ်ဥာဏ်ဟာ 2GB ကနေ 64GB အထိရှိတတ်ကြပါတယ်။ တစ်ခြား ကျန်တာကတော့ SD ကဒ်ကနေ တစ်ဆင့်တိုးမြင့်ကြတာပေါ့။
မျက်နှာပြင် အရွှယ်အစားနဲ့ အရည်အသွေး
ဒါကလည်း ကိုယ် အကြိုက်နဲ့ ကိုယ် ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခု သိထားရဖို့ ရှိတာကတော့ ရုပ်ထွက် resolution နိမ့်တဲ့ ဖုန်းတွေဟာ HD ဗီဒီယိုတွေကို သင့်ဆီမှာ ဖွင့်လို့ မရစေနိင်ပါဘူး။ နောက်ပြီး ဒီ HD ဗီဒီယိုတွေဟာ PPI 200 အောက်ဖြစ်ပြီး ၅လက်မထက်ပိုတဲ့ ဖုန်းတွေဆီမှာ အဆင်ပြေစေမှာ မဟုတ်ပါဘူး။ ဒီတာ့ ဘက်ဂျက်ရယ် ဖုန်းရဲ့ မျက်နှာပြင် အရည်အသွေးရယ် ချိန်စေလို့ပါတယ်။ FULL HD ပြီးရင်တော့ အကောင်းဆုံးကတော့ QHD ဖြစ်ပါတယ်။
ကင်မရာ
တစ်ချို့တွေကလည်း ဖုန်းတစ်လုံး ဘယ်လောက်ကောင်းကောင်း ဖုန်းရဲ့ ကင်မရာက သိပ်ပြီး သူတို့အတွက် အားရစေမူ မရှိရင် မကြိုက်ကြတော့ပါဘူး။ ဒါကြောင့် ယနေ့တွေမှာ ဖုန်းတစ်လုံးရဲ့ ကင်မရာကို အနည်းဆုံး 5MP ဖြစ် တပ်ဆင်ပေးလာကြပါပြီ။ ဒီထက်ပိုကောင်းတာကတော့ 8MP (သို့) ဒီထက်Mega pixel ပိုတာတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ Megapixel နိမ့်တဲ့ ကင်မရာတစ်လုံးဟာ optical image stabilization (သို့) Optical zoom ပိုကောင်းနေတတ်သလို၊ Megapixel မြင့်တဲ့ ကင်မရာထက်ပိုပြီးလည်း ပိုကောင်းနေတတ်ပါတယ်။ ဒီတော့ စမတ်ဖုန်းတစ်လုံးဟာ ကင်မရာ setting ပေါ်မှာ အသုံးပြုသူကို ဘယ်လောက် ထိန်းချုပ် ပြုမူစေခွင့်ပေးထားသလဲဆိုတာကို ကြည့်ရပါမယ်။
ရှပ်တာ အနှေးအမြန်၊ ISO, Aperture စသည့်ဖြင့် အားလုံးကို ကြည့်ပြီး စမ်းရပါမယ်။ ဒါမှလည်း ဘယ်ဖုန်းဟာ ဘယ်လိုကင်မရာ အားသာချက်ရှိလဲဆိုတာကို သိနိင်ပြီး သင့်စိတ်ကြိုက်နဲ့ ညီတဲ့ အကောင်းဆုံး တစ်ခုကို ရွေးနိင်ပါလိမ့်မယ်။
ဘတ်ဂျက်ကတော့ ထွေထွေထူးထူး ပြောနေစရာ မလိုလောက်ဘူးလို့ ထင်ပါတယ်။
ကောင်းမွန်သော စိတ်ကြိုက် စမတ်ဖုန်းများ ကိုင်တွယ်နိင်ကြပါစေ ဗျာ ။။။။

လက်တော့ တစ်လုံးကို ဘယ်လို သန့်ရှင်းမယ် ?

လူတွေ ရေချိုးသလိုပဲ လက်တော့တွေလည်း ရေရှည်ထားခံဖို့အတွက် သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။ အရင်တစ်ခါ ဘယ်အချိန်လောက်က သန့်ရှင်းရေး လုပ်ထားခဲ့ပါသေးသလဲ? တစ်ခါမှ မလုပ်ခဲ့ဖူးတာလည်း ဖြစ်ရင် ဖြစ်နေမှာပါ။ ဒီတော့ ဘာပဲ ဖြစ်ဖြစ် ကိုယ်ပစ္စည်းကိုယ်လပ်တော့ လေး သန့်သန့်ရှင်းရှင်းနဲ့ ရေရှည်သုံးနိင်ဖို့ အတွက် သန့်ရှင်းရေးလေး လုပ်ကြည့်ရအောင်ပါ။ လပ်တော့ပ်ဟာ သံချေးတွေ၊ ဖုန်တွေနဲ့ အတွင်းမှာ ဖြစ်နေတတ်ပါတယ်။ အဓိက က အတွင်းမှာ ရှိတဲ့ ပန်ကာပေါ့။ သုံးနေတဲ့အတော့အတွင်း ဖုန်တွေနဲ့ကြေးတွေနဲ့ စက်အပူလွန်ကဲခြင်းကို ဖြစ်စေနိင်ပါတယ်။ အဲဒီအပူလွန်တာက ကိုယ်စက်ကို ကိုယ်ပြန်ပြီး ဖျက်ဆီးနေသလိုပါပဲ။
၁) အရင်ဦးဆုံး လက်တော့ကို သန့်ရှင်းတော့မယ်ဆိုရင်တော့ ပါဝါကို ပိတ်ပစ်ရပါမယ်။ ကြိုးတွေ၊ USB ကြိုးတွေ တပ်ဆင်ထားမူတွေကို အကုန်ဖြုတ်ရပါမယ်။
၂) ကီးဘုတ်ပေါ်က သံချေးတွေနဲ့ အပျက်အစီးတွေက်ု ဖယ်ရှားဖို့အတွက် သံချေးဖယ်ရှာတဲ့ ရူးရူး ဖြန့်ရတဲ့ cleaner တွေကိုသုံးပါ။ ဘူးကို အပေါ်အောက်မကိုင်ဘဲ ရိုးရှင်းစွာ ဖြန့်ပါ။ ပြီးတော့ ပျော့ပျောင်းတဲ့ ဘလပ်ခ်ျ တစ်ခုခုကိုယူပြီး သံချေးတွေ ဖယ်လိုက်ပါ။
၃) တကယ်လို့ နည်းနည်းညစ်ပတ်နေသေးရင် ဂွမ်းစအနည်းငယ်ကို အရက်ပျံနည်းနည်းနဲ့ဆွတ်ပြီး ကီးတွေရဲ့ကြားကို သန့်ရှင်းနိင်ပါတယ်။ သိပ်မစိုဖို့တော့လိုပါတယ်။
၎)စကရင် အတွက် အိမ်တွင်း ဗနီဂါနဲ့ အရက်ကို သုံးနိင်ပါတယ်။ မျက်နှာပြင်ကို တိုက်ရိုက်ကြီးတော့ သွားမဖျန်းပါနဲ့။ ပျော့ပျောင်းတဲ့ အ၀တ်စုတ်တစ်ခုခုနဲ့ စွတ်ပြီး စကရင်ကို သုံးပေးပါ။
၅) ပြီးရင်တော့ လပ်တော့ ကိုပြောင်းပြန် ပြန်လှန်ပြီး အထဲက ဖုန်တက် သံချေးတက်နေတဲ့ ပန်ကာကို ဖြုတ်ပြီး သန့်စင်ရပါတော့မယ်။ ဖြုတ်ဖို့က တော့ ဖြုတ်နေကြမဟုတ်ရင် အဆင်ပြေမှာ မဟုတ်တဲ့ အတွက် တစ်ခြား ဖြုတ်တတ်သူကို သင့်က ဖြုတ်ခိုင်းပါလိမ့်မယ်။
၆) နားကြပ်ပေါက်၊ USB အပေါက်တွေကို သုတ်ခြင်း အတွင်းထိရောက်အောင် သုတ်ရမှာ ဖြစ်ပြီး ခြောက်သွေ့တဲ့ အစတစ်စနဲ့ သုတ်ရပါမယ်။ အရက်ပျံ မစွတ်ပါနဲ့တော့ဒီအခါ။ Spray နဲ့ ဖြန့် ရုံပါ။ ပြီးရင်တော့  အားလုံ ပြန်တပ်ပြီး ရပါပြီ။ သင့်ရဲ့ နေတိုင်းသုံးနေတဲ့ လပ်တော့လေး လုံးဝ သန့်ရှင်းသွားပါပြီ။ 

ရှေ့နှင့်နောက် ကင်မရာနှစ်မျိုးလုံးကနေ တပြိုင်နက်ထဲဓါတ်ပုံရိုက်ယူနိုင်တဲ့ - Frontback v2.0.3 Apk

Frontback - screenshot
ကဲဗျာ အခုတင်ပေးလိုက်တဲ့ Application လေးကတော့ အဆန်းလေးပါပဲဗျာ။ တော်တော်လေးလည်းလန်း ပါတယ်။ ခေါင်းစဉ်နဲ့ ပြထားတဲ့ ပုံတွေကိုမြင်လိုက်တာနဲ့ ဘယ်လောက်တောင်မိုက်သလည်းဆိုတာ သိကြ မှာပါ။ Android Phone မှာပါတဲ့ ရှေ့ကင်မရာနဲ့ နောက်ကင်မရာ နှစ်မျိုးစလုံးကနေ တစ်ပြိုင်နက်ထဲ ဓါတ်ပုံ တစ်ပုံကိုရိုက်ယူပေးနိုင်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်ဗျာ။ ပုံမှာမြင်ရတဲ့အတိုင်းပဲ ဓါတ်ပုံတစ်ပုံမှာ ကင်မရာနှစ်ခုနဲ့ရိုက်ထားတဲ့ အထက်အောက်ပုံနှစ်မျိုးစလုံးကို မြင်တွေ့နိုင်မှာပါ။ အခု Application လေးနဲ့ အသုံးပြုပြီး FB ပေါ်သို့လည်းတိုက်ရိုက်လှမ်းတင်နိုင်မှာဖြစ်ပါတယ်ဗျာ။ နမူနာအနေနဲ့အောက်မှာ Screen Shot ရိုက်ပြထားပါတယ်။ Android OS 4.0 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
https://lh3.ggpht.com/cvYAmZ884KRtPDpJk37bfw3LGHtgaBEfkbFCA6MG3sKJwdXtzrJYXah-wD6sQHasCGPQ=h900 
     https://lh3.ggpht.com/eiU2P5QR9tbcg5aGmALraLDo0Zsy8bO0QYzBIsfTEmkpNPfSmmMs1--Ms4WqYbr8LnI=h900
Download - Download

Monday, January 12, 2015

GSM WCDMA Internet Free လျှောက်နည်း

မိတ်ဆွေတို့ကို Mpt ကပေးတဲ့ အခွင့်အရေးကို သုံးစေချင်ပါတယ်။
အခု မိတ်ဆွေတို့   SWE  ဆိုတဲ့ Service
ကို  SMS  ပေးပို့ပြီး 

Internet Free လျှောက်နိုင်ပါတယ်

ဒါအပြင် မည်သူကိုဖုန်းခေါ်ခေါ် ထို့ Service  1 မိနစ် 35  ကျပ် ကျသင့်မှာဖြစ်ပါတယ်။ Internet သုံးခကိုတော့  1 Mb ကို  15 ကျပ်ကျသင့်မှာဖြစ်ပါတယ်။ ဒါ့ပြင် အရင်က ပေးဘူးတဲ့ friend သုံးယောက်ကို ADD ခံပြီ SMS ပေးပို့ ရင် အဲသုံးယောက်ကို ဘယ်အချိန်ခေါ်ခေါ် 1 မိနစ် 25 ကျပ်ကျသင့်မှာဖြစ်ပါတယ်။ ဒါတွေအားလုံးကို SWE  Service တစ်ခု လျှောက်ထားခြင်းဖြစ် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Service အသုံးပြုခြင်းဖြစ် ဝန်ဆောင်ခဆိုပြီး သီးသန့်ပေးဆောင်ရန်မလိုပါ။ တစ်လတစ်ခတော့ လျှောက်နေပေးရန်လိုပါတယ်။

SWE Service လျှောက်နည်း

ဖုန်းနံပါတ် - 1332 သို့ SWE လိုရေးပြီးပေးပို့လိုက်ပါ sms ဝင်လာပါလေ့မည်။ Mpt ကနေပေါ့ ဒါဆိုရင်တော့ ရပါပြီ

friend သုံးဦးသို့ sms ပို့နည်း

ဖုန်းနံပါတ် - 1332 သို့  ADD0931782845လို့ပြီးပို့လိုက်လျှင်ရပါပြီး
ဒီဖုန်းနံပါတ်ကတော့ ကျွန်တော့ဖုန်းနံပါတ်ကိုရေးပြီး ဥပမာ ပေးထားခြင်းဖြစ်ပါတယ်။ မိတ်ဆွေပို့ခြင်းသူဖုန်းနံပါတ် သုံးခုရေးပြီးပို့နိုင်ပါတယ်။

Internet လျှောက်ထားပြီးသူများလဲ ထို Service ကိုအသုံးပြုန်ုင်ပ့တယ်။

Internet Setting ချိန်နည်းမသုံပါကအောက်ပါပေးထားတဲ့ လင့်ကနေ Apk လေးကို Download ရယူပြီး အသုံးပြုပါ။ ကျွန်တော်ပညာရှင်မဟုတ် တဲ့အတွက် Apk လေးတွင် အမှာများရှိသော် ခွင်လွတ်ပေးကြပါ။