Saturday, November 29, 2014

မေးသမျှဖြေမယ်ကွန်ပျူတာပြသနာများ ဆိုတဲ့ ဟာသလေးကိုဖကိကြည့်လိုက်ပါ


မေး = ကျွှန်တော့်ကွန်ပျူတာမှာဘာပစ္စည်း တွေတပ်ထားလည်း
တစ်ထိုင်ထည်းကြည့်ချင်လို့ ဘယ်လိုကြည့်ရမလဲဗျာ

ဖြေ = ၀ယ်လာတဲ့ဆိုင်ကရေးပေးလိုက်တဲ့ဘောက်ချာ
ကိုဖတ်လိုက်ပါ



မေး = V Z O နဲ့ SKYPE ကဘယ်ဟာသုံးလို့ ပိုကောင်းပါသလဲရှင်

ဖြေ = S K Y P E ကလက်ညောင်းပါးစပ်ညောင်ပြီး ။ VZO ကတော့မျက်စိပါညောင်းပါလိမ့်
မယ်

မေး = WINDOW နဲ့  IMAC ဘာကွာပါသလဲဗျာ

ဖြေ = company ကွာပါတယ်ဗျာ

Computer ကို Virus မ၀င်အောင် ကာကွယ်နည်း (၅) မျိုး...................

၁။ မည်သည့် external device ကိုမှမတပ်ဆင်ပါနဲ့(CD-DVD များအပါအ၀င်)

၂။ internet မသုံးပါနဲ့၊ သုံးရင်လည်း မည်သည့် web site ကိုမှဖွင့် မကြည့်ပါနဲ့၊
၃။ Computer ကို မဖွင့်ပါနဲ့(မီးပလပ် မထိုးပါနဲ့)၊

၎။ Computer ကို အစကတည်းက မ၀ယ်ပါနဲ့၊

၅။ Computer ဆိုင်ရှေ့ကို ဖြတ် မလျှောက်ပါနဲ့၊


မေး ။ကွန်ပျူတာထဲမှာပါတဲ့ရမ်ဆိုတာဘာပါလဲဟင်
ဖြေ ။ကွန်ပျူတာအတွက်ရမ်ပုလင်းပါ

မေး။ တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ
ဖြေ ။ ဂစ်လို့ အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ်
ဆက်ဖတ်ကြည့်ရအောင်

မေး ။ email ပို့ နေရင်းconnectionပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင်
အကောင်းဆုံးပါလဲ
ဖြေ ။ အကောင်းဆုံးကတော့ကွန်ပျူတာပါဝါပိတ်ပြီးအိပ်ပါ
ဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ

မေး ။ ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ်
ပြောနိုင်မလား
ဖြေ ။ ဟုတ်ကဲ့ရပါတယ်
၁။ systemပုံးကိုအရင်ဖွင့်ပါ
၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ်
အကုန်ဖြုတ်ပါ။
၃။ ပြီးရင်တော့ဆပ်ပြာမှုန့် များများနဲ့ ဖျော်ထားတဲ့
ဇလုံထဲကိုထည့်ပြီး Decogenနဲ့ တစ်ညစိမ်ပါ
၎ ။ နောက်တစ်နေ့ ကျပြန်ဆေးကြောပြီးနေပူပူမှာ
လှမ်းပါ။
၅ ။ ခြောက်သွေ့ သွားသောအခါပစ္စည်းများကိုနေရာတကျ
ပြန်တတ်ပါ
၆ ။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော်
ရွှင်ဖွယ်တွေ့ ရပါလိမ့် မည်။
၇ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မ၀င်အောင်
နေပူထဲထားကာအသုံးပြုပါဟု


အိုင်တီချစ်ဦး
gmail - idchitoo@gmail.com
ph - 0931782845

 

No comments:

Post a Comment