အဆင့် (၁)
သင်္ချာညီမျှခြင်းကို ကင်မရာ ဖရိန်၏ အတွင်းတွင်ထားပြီး scan လုပ်ပါ။ ဖရိန်၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်ကို drag လုပ်ကာ ချိန်ညှိနိုင်သည်။
အဆင့် (၂)
အဖြေကို screen ပေါ်တွင် အနီရောင်ဖြင့် တွေ့မြင်ရမည်။
အဆင့် (၃)
Steps ခလုတ်ကိုနှိပ်ပြီး အဖြေ တွက်ချက်ပုံကို ကြည့်နိုင်သည်။ တွက်ချက်ပုံ အဆင့် တစ်ဆင့်ချင်းစီကို ကြည့်ရှုရာတွင် arrow ခလုတ်များဖြင့် ကြည့်နိုင်သလို swipe up / swipde down ဖြင့်လည်း ကြည့်နိုင်သည်။
Screen အောက်ခြေတွင် History, Light, Steps, Help ဟူသည့် ခလုတ် လေးခု ပါဝင်သည်။ History ခလုတ်သည် လက်ရှိ scan လုပ်ထားသည်များကို ဖော်ပြပေးသည်။ Light ခလုတ်သည် အလင်းရောင် မရှိသည့် နေရာတွင် အိမ်စာလုပ်သူများတွက် ဖုန်း၏ LED ကို ဖွင့်ပေးနိုင်သည်။ Steps ခလုတ်က နောက်ဆုံး scan လုပ်ထားသည့် သင်္ချာညီမျှခြင်း မည်သို့ တွက်ချက်သည်ကို ပြသပေးသည်။ Help ခလုတ်မှာ PhotoMath အသုံးပြုပုံ အကျဉ်းချုပ်ကို ဖော်ပြပေးသည်။
PhotoMath ကို iOS နှင့် Windows Phone တွင် အခမဲ့သုံးနိုင်သည်။ Android version ကိုမူ ၂၀၁၅ ခုနှစ် အစောပိုင်းမှသာ ဖြန့်ချိမည် ဖြစ်သည်။
IOS - Download
Windows Phone - Download
အိုင်တီချစ်ဦး
gmail - idchitoo@gmail.com
ph - 0931782845
No comments:
Post a Comment