ကဲဒီတခါတော ဂိမ်းကောင်းလေးတခုတင်ပေးပါ့မယ့်။ ယခုဂိမ်းကိုဆော့ဖို့အတွက် Online တော့လိုပ့တယ်။ Size ကတော့ 40 MB ကျော်ကျော်လေးပါ။
Download - Download
အိုင်တီချစ်ဦး
Ph - 09 798127813 / 09972661272
Sunday, July 19, 2015
kritika ဆိုတဲ့ online game ကောင်းကောင်းလေးပါ။
Monday, July 13, 2015
ဖုန်းScreenပိတ်ရင်Netပါပိတ်ပေးတဲ့3G auto battery saver.apk
3G auto battery saver.apk
တစ်ခါတစ်လေ ညအချိန်မှာ အင်တာနက်သုံးရင်း အိပ်ပျော်သွားတာကို ကြုံဖူးကြမှာပါ
အဲ့ဒီလို အခါမျိုးမှာဆိုရင် အင်တာနက်လိုင်းကို မပိတ်မိလိုက်တဲ့အတွက် ဖုန်းဘေးက အလကားကုန်သွားပါတယ်
ခုတင်ပေးလိုက်တဲ့ Auto 3G Battery Saver ကိုတော့ ညအချိန်မှာ အင်တာနက်သုံးရင် အိပ်ပျော်တတ်တဲ့ သူတွေ ဆောင်ထားသင့်တဲ့ application တစ်ခုဖြစ်ပါတယ်
သူကဘာတွေကိုလုပ်ပေးလဲဆိုရင် ဖုန်း screen ပိတ်သွားပြီဆိုတာနဲ့ အင်တာနက်လိုင်းကို အလိုအလျောက် ပိတ်ပေးပြီးတော့ ဖုန်း screen ပြန်ဖွင့်တဲ့ အချိန်မှပဲ အင်တာနက်လိုင်းကို အလိုအလျောက် ပြန်ပြီးဖွင့်ပေးပါတယ်
ဒါ့အပြင် အင်တာနက်သုံးတဲ့အခါမှာ battery အားအကုန်သက်သာအောင် save လည်းလုပ်ပေးသေးပါတယ်
file size က 1.8MB လေးသာရှိပြီး သုံးရတာအဆေပြေမှာပါ
Download -Download
သက်ဆိုင်သူများ Credit ပေးပါတယ်။
မီမီဖုန်းမှာ PC မှာလို Delete လုပ်ရင် ဆွဲယူလုပ်နိုင်တဲ့ RecycleBin Apk
Recycle Bin for android apk လေးကဖုန်းထဲကဖိုင်တွေဖျက်တာလက်သွက်တဲ့သူတွေဒီappလေးဆောင်ထားကြပါလားကွန်ပျူတာမှာသုံးတဲ့ Recycle BinApp လေးပါ မှားဖျက်မိတဲ့ဖိုင်တွေဒီကောင်လေးကဆွဲစိထားပါတယ်မှားဖျက်မိလို့ ဟောဗျားဖြစ်နေရင်ဒီကောင်လေးသာဆောင်ထားပါဖိုတာတစ်ခုနဲ့တစ်ခု Move လုပ်တာတောင်သူကဆွဲစိထားသေးတာလိုအပ်ရင်အောက်မှာယူလိုက်ပါမှားဖျက်မိလို့ ပြန်လိုချင်တဲ့ဖိုင်ကိုအမှန်ခြစ်ပီး Restore လုပ်လိုက်အရင်နေရာပြန်ရောက်သွားရောလုံးရှင်းပြစ်ချင်ရင်တော့ Removeလုပ်လိုက် အဆေပြပါစေ။
Download - Download
သက်ဆိုင်သူများ Cridit ပေးပါတယ်။
Wednesday, July 8, 2015
Call Toolbox Pro v1.9
Call Toolbox Pro လေးကတော့ ဖုန်းလာတဲ့အခါမှာ ဖုန်းကို နှားရွက်နားထားလိုက်တာနဲ့ အလိုအလျောက် ဖုန်းကိုင်ပေးမှာဖြစ်သလို နှားရွက်နားကနေ ပြန်ဖယ်လိုက်တဲ့အခါမှာ အလိုအလျောက် ပြန်ချပေးမှာ ဖြစ်ပါတယ်
ဒါ့အပြင် ဖုန်းကို shake လိုက်ယုံနဲ့ ဖုန်းကိုင်ပေးနိုင်သလို ဖုန်းကို shake လိုက်ယုံနဲ့ ဖုန်းချတာတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်
Pro version ဖြစ်သာကြောင့် တစ်ခြားသော လုပ်ဆောင်ချက်တွေ အများကြီးရှိပါသေးတယ်
play store မှာဆိုရင်တော့ ဒီကောင်လေးကို ပိုက်ဆံပေးဝယ်ရမှာ ဖြစ်ပြီး အောက်မှာ free download ရယူနိုင်ပါတယ်
file size 1.1MB သာရှိပြီး android 2.3.3 ကစပြီး အသုံးပြုနိုင်ပါတယ်
ဒီ Call Toolbox Pro လေးကိုသုံးပြီး နှားရွက်နားထားလိုက်တာနဲ့ အလိုအလျောက် ဖုန်းချဖုန်းကိုင်လုပ်နည်းကို နည်းနည်းလေးပြောပြလိုက်ပါတယ်
အဆင့် (၁) Call Toolbox Pro လေးကို download ဆွဲပြီး ဖုန်းထဲမှာ installed ထားလိုက်ပါ
အဆင့် (၂) Call Toolbox Pro လေးကို ဖွင့်လိုက်ပါ
ပြီးရင် အပေါ်ဆုံးက Smart Call ထဲဝင်ပါ
အဆင့် (၃) Answer when on ear ဘေးမှာ အမှတ်ခြစ်ပါ
ပြီးရင် အောက်က End when off ear ဘေးမှာ အမှတ်ခြစ်ပါ
ပြီးရင် အောက်က Delay of end ဆိုတဲ့ နေရာမှာ အချိန်တစ်ခုကိုရွေးပါ သူက ဖုန်းကိုနှားရွက်နားကနေ ဖယ်လိုက်တဲ့အခါမှာ ဖုန်းချပေးမဲ့အချိန်ပါ 2 seconds လောက်ထားပေးလိုက်ပေါ့
ပြီးရင်တော့
အဆင့် (၄) ဖုန်း back key ကို တစ်ချက်နှိပ်ပြီးထွက်လိုက်ပါ
ပြီးရင်တော့
အဆင့်(၅) အပေါ်ဆုံးက Smart Call ဆိုတာ off ဖြစ်နေပါလိမ့်မယ်
အဲ့ကောင်ကို on ပေးလိုက်ပါ
ဒါဆိုရင် ရပါပြီဗျာ
တစ်ခြားဟာတွေကိုတော့ ကိုယ့်ဟာကိုပဲ ဆက်ကလိကြတော့ပေါ့နော်
Size : 1.1MB
Version : 1.9
Requires: Android 2.3.3 and up
Call Toolbox Pro v1.9 ကိုအောက်မှာ Free Download ရယူနိုင်ပါတယ်
Download - Download
သက်ဆိုင်သူများ Credit ပေးပါတယ်။
ိဓာတ်ပုံရိုက်တဲ့အခါရုပ်မလန်းဖြစ်နေပါသလား 360 ထက်ကောင်းတဲ့ Software လေးလာပါပြီ
ဒီဆော့ဝဲ့လေးမိမိဓာတ်ပုံရိုက်တဲ့အခါရုပ်မလန်းတာပဲဖစ်ဖြစ်ဓာတ်ပုံမကြည်တာပဲဖြစ်ဖြစ်360 cameraထက်တောအများကြီးသာပါတယ်သူကမိမိရဲ့ဓာတ်ပုံကိုရိုက်လိုက်ရင်ဖြူဖွေးသွားပါတယ်ဝက်ခြံရှိတဲ့သူတောင်မရှိတော့ပါဘူးသူကဘယ်လောက်တောင်လန်းနေလဲမသိဘူးဗျာသူကနာမည်ကြီးတဲ့ဆော့ဝဲ့တစ်ခုလဲဖြစ်ပါတယ်ပြီတော့သူကမိမိတိုရဲ့ဓာတ်ပုံကိုလှပအောင်ချော်အောင်ပြုပြင်ပေးပါတယ်ဗျာကဲစမ်းကြည့်ချင်တဲ့များFull Versionအောက်မှာFreeယူနိုင်ပါပြီဗျာ
Download - Download
သက်ဆိုင်သူများပို Credit ပေးပါတယ်။
Monday, July 6, 2015
မိုဘိုင်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ
ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။
မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်
ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့ - skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။
ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်
မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။ အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်းအသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။
မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်
မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။
မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်
ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ
မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။
ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။
အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်
သက်ဆိုင်သူများ Credit ပေးပါတယ်။်
Saturday, July 4, 2015
ချစ်သူများနေ့ သမိုင်း
ရောမပြည် (Italy) မှ အချစ်အကြောင်းသည် ချစ်သူများနေ့  ဖြစ်ပေါ်ခြင်း၏ သမိုင်းအစ ဖြစ်သည်။ ရောမဘုရင် တစ်ပါး လက်ထက်တွင် စစ်တိုက်ထွက်ကြသော စစ်သည်တော်များသည် ချစ်သူရည်းစားနှင့် ဇနီးမယားများကို တမ်းတ အမှတ်ရမှုများကြောင့် စစ်ပွဲတိုင်း အမြဲ ရှုံးနှိမ့်ခဲ့ကြသည်။ ထို့ အကြောင်းကို ဘုရင်ကြီး သိသောအခါ ရောမမြို့ တွင် ချစ်သူရည်းစားမထားရ။ အစဉ်အလာအားဖြင့် လက်ထပ်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတော်ကြီးများကိုလည်း လုံးဝ မပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမိန့် ထုတ်ခဲ့သည်။
နှလုံးသား ရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့ ၏ အချစ်ကို နေ့ တစ်နေ့ အတွက် မရည်စူးပါ။ ချစ်တက်သူတွေ အမြဲရှင်သန်ဖို့  ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း (St. Valentine) ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်းသည် ချစ်သူတို့ ၏ ဘဝ ချစ်ခြင်း နိယာမ ကို နားလည်စာနာတက်သူမို့  မိမိအသက်ကို ပဓာန မထားပဲ လက်ထပ်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်ကြီး သိသွားသောအခါ ထိုနေ့  ဖေဖေါ်ဝါရီလ (၁၄) ရက်တွင် ဘုန်းတော်ကြီးအား အဆုံးစီရင်လိုက်ပါသည်။ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်းကို ဂုဏ်ပြုသောအားဖြင့် Valentine's Day (သို့ မဟုတ်) ချစ်သူများနေ့ ဟု ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်ပါသည်။
သက်ဆိုင်သူများ Credit ပေးပါတယ်။
သင်္ကြန်ဖြစ်လာပုံ
သင်္ကြန် သည် သင်္ကန္တ ဆိုတဲ့ ပါဠိစကားမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ရွတ်ဆိုသည့် အခါမှာ သင်ကန်တ အရ ရရစ်သံနဲ့ ရွတ်ရာကနေ သင်္ကြန်ဖြစ်လာတယ်ဟု ဆိုကြပါသည်။ အဓိပ္ပါယ်က ကူးပြောင်းခြင်းပါ။
**သင်္ကြန်ပုံပြင်**
>>>>>>>>>>>>>
သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂ ယောက် စကားပြောရာမှ ကဿပ ဘုရားရှင် လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပါတ်လျှင် ၈ ရက်ရှိ ခဲ့ပါသည်။ ယခုအခါ ၇ ရက်သို့ ပြောင်းသွားပြီ ဖြစ်ကြောင်း သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံ ကြပါသည်။ ထို့နောက် ရှုံးတဲ့လူက ခေါင်းဖြတ်ကြေး ဟု သတ်မှတ်ကာ လူပြည်သို့ ဆင်းပြီ ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူပါသည်။ အဘိဥာဏ်ရ ရသေ့က ယခုအခါတွင် လူပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇ ရက်သာ ရှိတော့သည်ဟုပြောလေသည်။ ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း ဦးခေါင်းကို အဓိဌာန်ဖြင့် ဖြတ်လိုက်ပါသည်။ ထို ဗြဟ္မာခေါင်းပြတ်ကြီး သိကြားမင်း လက်ထက်တွင် ရောက်သည့်အခါ သိကြားမင်းမှာ စဉ်းစာပါသည်။ မြေပေါ်ထားလျှင် ၇ နှစ် ကမ္ဘာမီးလောင် ပြီး မိုးခေါင်ပါမည်၊ ရေတွင် ထားပါက သမုဒ္ဒရာ ၇ စင်းမှ ရေများ ခန်းခြောက်မည် ဖြစ်သဖြင့် နတ်သမီး ၇ ယောက်မှ တစ်နှစ်လျှင် တစ်ယောက်ကြ ဗြဟ္မဦးခေါင်း ကိုင်ရန် တာဝန်ကျပါသည်။ ထို နတ်သမီး တစ်ဦးနှင့်တစ်ဦး ဦးခေါင်းကိုင်ရန် အလွှဲအပြောင်းတွင် သင်္ကြန်ကျပါသည်။ ထိုအကူအပြောင်းအခါကို တွက်၍ ဘယ်နေ့တွင် ကူးပြောင်မည်ဟု သတ်မှတ်ကြပါသည်။ အဲဒါကို သင်္ကန္တ အခါလို့ ဆိုကြတယ်။ ။
နှစ်တစ်နှစ်ပြည့်တယ်လို့လဲ သတ်မှတ်ပါသည်။ ဒီကာလမှာ သိကြားက လူ့ပြည်မှာ ကောင်းမှု ထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် လူ့ပြည်ကို ဆင်းပြီး ဆောင်ရွက်ဖို့ ကြိုးစားတယ် ။ မှတ်တမ်းများမှတ်သားတယ်လို့ ဆိုပါတယ်။ ကောင်းသူကို ရွှေပေလွှာမှာရေးပြီး ၊ မကောင်းသူကို ခွေးသားရေမှာ ရေးပါသည်။ ထိုကာ ရှေးဟောင်း ပုံပြင် ဖြစ်ပါသည်။
ဗေဒင်ကျမ်းများအရ
လူမျိုးတော်တော်များများတွင် ရိုးရာ ပြက္ခဒိန်မျာရှိကြပါသည်။ မြန်မာတို့၏ ရိုးရာပြက္ခဒိန်သည် သူရိယမာသခေါ် နေသွားလမ်းကြောင်းကို မူတည်ပြီတွက်ခဲ့ကြပါ သည်။ ကမ္ဘာကြီးက နေကို လှည့်နေတာဟာ မိဿရာသီက စတင်ပြီးကြည့်ရင် ပြိဿ ၊မေထုန်……..မိန် ရာသီကိုရောက်တဲ့ အခါ သူရိယသိဒ္ဓ န္တကျမ်းအရ (၃၆၅)ရက် ၊ (၆) နာရီ ၊ (၁၂)မိနစ် ၊ (၃၇)စက္ကန့် ပြည့်ပြီး တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် ကနေ မိဿရာသီအစ သုညအင်္သာ ကို ၀င်တယ်လို့ သတ်မှတ်ပါသည်။ အဲဒီဝင်စအချိန်မှ ကူးပြောင်းခြင်း စ ပါသည်။ ဆိုလိုတာက သင်္ကြန်ကျတယ်။ ဒါပေမယ့် တကယ်တမ်း နှစ်သစ်ကို မကူး သေးပါ။ နောက် ထပ် (၂)ရက်၊ (၄) နာရီ၊ (၄) မိနစ် ၊ (၄၀)စက္ကန့်ကြာမှ နှစ်သစ် ကူးပါတယ်။ ဒီတော့ နေသွားလမ်းကို (၁၂) ရာသီခွင်နဲ့ ညှိပြီး လသွားလမ်းနဲ့ ပြက္ခဒိန် ရေးထားတဲ့ မြန်မာတွေ အတွက် တန်ခူးလမှာ နှစ်သစ်ကို ကျရောက်လေ့ရှိပါသည်။ ကြွင်းကျန် ၂ ရက်နှင့် ၄ နာရီကို ပြန်ဖြည့်သည့်အနေဖြင့် ၀ါထပ်နှစ်များထည့်တွင်းကာ ရက်များ ထပ်တိုးပြီး အမှား အယွင်းကင်းစွာ ပြက္ခဒိန်များရေးဆွဲခဲ့ကြသည်။ ထို့အပြင် ကျန်နေသေးသည့် မိနစ်နှင့် စက္ကန့်များအားလုံးကို ပေါင်းကာ ရက် အစားထိုး သည့်အနေနှင့် အချို့ နှစ်များတွင် ကဆုန်လတွင် သင်္ကြန်ကြပါသည်။ ထိုသည်ကို သိသာစေရန်အတွက် သင်္ကြန်စာများတွင် တနင်္ဂနွေ ဂြိုဟ်မင်း ဆင်းသည်ဟု ရေးသားခဲ့ကြပါသည်။ သင်္ကြန်းကျသည့် နေ့အပေါ် မူတည်ကာ တနင်္ဂနွေဂြိုဟ်မင်း လက်ကိုင်သည့် ပစ္စည်း ကွဲသွားပါသည်။ စီးသည့် ယဉ် ကွဲပါသည်။ ဗေဒင်ကျမ်းများတွင် သင်္ကြန်အခါ သိကြားမင်း ဆင်းသည်ဟု လုံးဝ မရေးထားပါ။ သိကြားမင်းဆင်းသည်ဟု ပြောနေကြသည်မှာ မှားယွင်းစွာ ပြောနေကြခြင်းဖြစ်ပါသည်။
**ပွဲတော်ဖြစ်လာပုံ**
>>>>>>>>>>>>>>>
သင်္ကြန်ပွဲတော် သည် မှတ်တမ်းများအရ ပုဂံခေတ်မှ စတင်ပါသည်။ နှစ်ဟောင်းမှ အညစ်အကျေးများ နှစ်သစ်သို့ မပါစေရန် ရေသဘင်ပွဲ ကျင်းပ ခဲ့ခြင်းမဟုတ်ဘဲ နှစ်ဟောင်းတွင် ပြုလုပ်ခဲ့မိသည့် အကုသိုလ်များ ပြေပျောက်စေရန်အတွက် နှစ်ကူးခါနီး တွင် ဘိုးဘွားမိဘဆရာသမားများကို ခေါင်းလျှော်ပေးခြင်း၊ ရေချိုးပေးခြင်း၊ ခြေသည်း၊ လက်သည်းလှီးပေးခြင်း၊ သီလစောင့်ခြင်း၊ တရားနာခြင်း၊ ကုသိုလ်ရေးအတါက် ဘေးမဲ့ လွှတ်ခြင်း၊ စတုဒီသာ မုန့်များပြုလုပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြသည်။ ထိုနေ့များတွင် ကလေးသူငယ်များမှ အချင်းချင်း ရေပတ်ကစားခဲ့ကြသည်။ ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်တွင် စတင်ပါသည်။ ထိုမင်းလက်ထက်တွင် သင်္ကြန်ကို ရက် ၄၀ ကျခဲ့သည်ဟု မှတ်တမ်းများအရ သိရပါသည်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံ ကို အရှက်ကွဲအောင် စနောက်မိခဲ့သဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံ သည်အထိ ဖြစ်ခဲ့သည်။ သင်္ကြန်၏ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုပါ။
သက်ဆိုင်သူများ Credit ပေးပ့တယ်။
iPhone တွင် app များပိတ်ခြင်းဖြင့် ဘက်ထရီစွမ်းအင် ချွေတာခြင်း မပြုနိုင်ဟုဆိ
ုiPhone အသုံးပြုလျက်ရှိသော လူအများစုသည် ၎င်းတို့အသုံးပြုခဲ့သော app များအားလုံး ပိတ်ထားပါက ဘက်ထရီစွမ်းအင် ချွေတာနိုင်သည်ဟု မှတ်ယူလျက်ရှိကြောင်း၊ သို့သော်လည်း ထိုအယူအဆမှာ မမှန်ကန်ကြောင်း Business Insider ကဖော်ပြခဲ့သည်။
iPhone သုံးစွဲသူများစွာသည် ဘက်ထရီစွမ်းအင်ကို ချွေတာနိုင်ရန် switcher မှတစ်ဆင့် app အား ပြန်လည်မဖွင့်မီအထိ ဖယ်ရှားထားလေ့ရှိသည်။ သုံးစွဲသူများအနေဖြင့် ယခင်ဖွင့်ခဲ့သော app များသည် လှုပ်ရှားမှုမရှိသော ပုံရိပ်သာဖြစ်ကြောင်း အထူးသဖြင့် iPhone သည်သုံးစွဲသူများကို recent app များ၏ရုပ်ပုံဆိုင်ရာ စာရင်းများကို ပြသပေးခြင်းဖြစ်ကြောင်း Business Insider မှ ပြောကြားခဲ့သည်။
iPhone တွင် အသုံးပြုထားသော မိုဘိုင်း operating system iOS သည် app များကို ပိတ်ရန် Background App Refresh feature ကို ထည့်သွင်းပေးထားသည်။ တုံ့ပြန်မှုမရှိသော app အား အတင်းအကျပ် ပိတ်ရန်မလိုအပ်ကြောင်း၊ App အချို့သည် suspended state သို့မရောက်ရှိမီ တိုတောင်းသော အချိန်တို တစ်ခုအတွင်း အလုပ်လုပ်ကြောင်း၊ ၎င်း app များသည် system resource များတွင် နေရာယူခြင်း သို့မဟုတ် ဖွင့်ပြီးအသုံးပြုလျက် မရှိကြောင်း၊ သုံးစွဲသူက အဆိုပါ app များသို့ ရောက်ရှိသည့်အခါ ၎င်းတို့သည် ပွင့်သွားမည်ဖြစ်ကြောင်း Apple က၎င်း၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ကြောင့် သုံးစွဲသူများ အနေဖြင့် iPhone တွင် app များအား မရှင်းလင်းမိဘဲ အိပ်ရာဝင်မိပါက app များကို ချက်ခြင်း swipe up မလိုအပ်ပေ။
သက်ဆိုင်သူများ Credit ပေးပါတယ်။
SMS ကို မြန်မာစာနဲ့ စာလုံးအရေအတွက် များများ ပို့လိုသူများ အတွက်
SMS ကို မြန်မာစာနဲ့ စာလုံးအရေအတွက် များများ ပို့လိုသူများ အတွက်
SMS ကို မြန်မာစာနဲ့ စာလုံးအရေအတွက် များများ ပို့လိုသူများ အတွက် Cloud Myanmar ရဲ့ App တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်
.
SMS မှာ English စာနဲ့ဆိုရင် စာလုံး ၁၆၀ ပို့လို့ရပါတယ် ဒါပေမဲ့ မြန်မာလို ဆိုရင်တော့ စာလုံး ၇၀ သာပို့လို့ရပါတယ်
.
ဒီ App လေးက မြန်မာကိုလဲ English စာလို စာလုံး ၁၆၀ ထိ ပို့လို့ရအောင် လုပ်ပေးထားပါတယ်။
.
မြန်မာစာတွေကို English စာတွေ အဖြစ်ပြောင်းလဲ ပေးပို့တာ ဖြစ်တဲ့အတွက်
**ပို့တဲ့ဘက်ရော လက်ခံတဲ့ ဘက်မှာပါ ဒီ App လေးရှိဖို့တော့ လိုပါတယ်**
.
GSM,WCDMA တွေမှာ အောင်အောင်မြင်မြင် စမ်းသပ်ခဲ့ပြီးပါပြီ
CDMA တွေကတော့ ရှေ့ကနှစ်ခုနဲ့ အနည်းငယ် ကွဲပြားတာကြောင့် bug နည်းနည်းရှိနေပါသေးတယ်။ လိုအပ်တွေ သူတွေ အသုံးပြုနိုင်အောင်လို့ အခု version မှာ bug ကိုမရှင်းသေးဘဲ ထုတ်ပေးလိုက်တာပါ။
DOWNLOAD - Download
သက်ဆိုင်သူများ Credit ပေးပါတယ်။
Friday, July 3, 2015
Root ရှိတဲ့ဖုန်းတွေမှာ apk တွေဖျက်ရင် data တွေမကျန်အောင်ဖျက်ပေးမယ့် - Root Cleaner v4.0.1 Apk
Root ရှိတဲ့ဖုန်းတွေမှာ apk တွေဖျက်ရင် data တွေမကျန်အောင်ဖျက်ပေးမယ့် - Root Cleaner v4.0.1 Apk ကောင်းလေးပါ တချို့ဖုန်း user တွေမသိသေးတာပါ ဖုန်းscreen က apk ကို uninstall လုပ်ပေမယ့် ဖုန်း မမ်မိုရီထဲမှာ Data တွေကျန်နေတက်ပါတယ် ဒါကြောင့်ဘဲဖုန်းတွေလေးနေတာပါ ကဲ မသိသေးတဲ့ဘော်ဒါတွေ အောက်မှာဒေါင်းပြီးသုံးနိုင်ပါပြ
Download -ီ Download
သက်ဆိုင်သူများ credit ပေးပါတယ်။
မသုံးသင့် သော Android ဆော့ဝ် များ
Solar Charger
လက် ရှိ ဒီ နေရောင် နဲ့ အား သွင်း တာ ဆို ပြီး ဖုန်း ကို နေပူ ထဲ ထားလို့ LCD ပျက် တဲ့ ဖုန်း တွေ များ နေ ပါတယ် ။ ဒီ app ကို အောက် မှာ funny လို့ ရေး ထား တာ ကို မဖတ် ကြပဲ ဘာ မှ မစဉ်းစား ပဲ အဟုတ် မှတ် နေ ပြီး စမ်းကြ ရင် ပျက်စီး မှု တွေ ဖြစ် ပေါ် စေပါတယ် ။
တခြား Charger တွေ အများ ကြီး ရှိပါသေး တယ် အကုန် လုံး စ ဖို့ သက်သက် ထုတ် ထား တာ ပါ အစစ် အမှန် မဟုတ် ပါဘူး ။
Launcher
Launcher များ ကို လဲ သုံးသင့် ဘူး လို့ ယူ ဆ ပါတယ် ။နဂို ထက် ပို လေး စေ ပါတယ် ။ရေရှည် မှာ ကောင်း ဖို့ ထက် ဆိုးဖို့ ပို များပါတယ် ။ပြောသာ ပြော ရတာ ဆိုင်လာတဲ့ ဖုန်း ၁၀ လုံး မှာ ၆ လုံး လောက် က Launcher တွေသုံး ကြပါတယ်။အထူး သဖြင့် Go Launcher ပါ ။ အဲ့ ဆော့ဝ် က တခြား မူရင်း ဆော့ဝ် နဲ့ ညှိ ပြီး ဖုန်း ဆော့ဝ် ကြောင် သလိုဖြစ် တာတွေ လဲ ရှိ ပါတယ် ။
Cpu
နောက် တစ်မျိုး က တော့ cpu speed ကို မြင့် ပေးတဲ့ ဆော့ဝ် ပါ ။ Root လုပ် မှ ရတာ နဲ့ root မလို တာ နှစ် မျိုးရှိ ပါတယ် ။ဘယ် ဟာ ဖြစ်ဖြစ် မသုံးသင့် ပါဘူး ။ cpu speed ခဏ နဲ့ ကျ သွား နိုင် ပါတယ် ။ကျ သွား ရင် ဖုန်း ကလေး တာ တွေ ဟန်းတာ တွေ ဖြစ် လာ နိုင်ပါတယ် ။ဆော့ ၀် နာမည် က အမျိုးမျိုး ထွက် တာ ကြောင့် CPU speed ကို မြင့်ပေး တဲ့ ဘယ်ဆော့ဝ် ကို မှ မသုံး ကြ ပါနဲ့ လို့ အကြံ ပေးချင်ပါတယ် ။
တခြား မိမိ မလိုအပ် တဲ့ ဆော့ဝ် များ Antivirus ဆော့ဝ် များ ကို ဖျက်ထား ပါ ခြင်းဖြင့် လဲ ဖုန်း ကို ကြာ ရှည် အသုံးပြု နိုင်အောင် ဂရုစိုက် သင့် ပါတယ် ။Virus က Android အတွက် နည်းပါတယ် ။များ သောအား ဖြင့် ဆော့ဝ် ကြောင် ခြင်း ကို လူတွေ အများစု က Virus ကိုက်တယ် ထင် နေကြတာပါ ။
Antivirus ဆော့ဝ်က နောက်ကွယ် က နေ လိုက်စစ် ပေးနေ တော့ ဖုန်း ကို လေး စေ ပါတယ် ။
မိမိ မသုံး ဖြစ် သော ဆော့ဝ်များ ဖြတ် ထားခြင်း ဖြင့် ဖုန်း ကို မြန်ဆန် စွာ ကြာကြာ သုံး ရပါတယ် ။
ကျွှန်တော် ရဲ့ ဖုန်း ထဲ မှာ ဆို အမြဲ သုံးတဲ့ ဆော့ဝ် ၄ ခု လောက် က လွဲ ပြီး မထည့် ထားပါဘူး ။
ဆော့ဝ်တွေ များများ ထည့် တာကို တချို့ က ဂုဏ် ယူ နေ ကြပါတယ် ။ တကယ် က တော့ ကိုယ့် ဖုန်း ကို မြန်မြန် လုပ် နိုင် ဖို့ က အဓိက လို့ ပဲ ထင်ပါတယ် ။ ဆော့ဝ် ၂၀ ထည့် ထားလို့ တကယ် ဆော့ ဖြစ် သုံး ဖြစ် တာ ၅ ခု ထက် မပို ပါဘူး ။
အကောင်ဆုံး နည်းက တော့ install ဖိုင် တွေ ကို မန်မိုရီ ကဒ် ထဲ မှာ ထည့် ထားပြီး လိုချင် တာသွင်း လိုက် ။ဆော့လို့ ၀ ရင်ပြန် ဖျက် လိုက် လုပ် ပါ ။
Android ကိုင် တဲ့ သူ တိုင်း ဒီ ပိုဒ် လေး ဖတ်ပြီး အသိပညာ တစ်ခု ရသွားရင် ကျေနပ်ပါတယ်
သက်ဆိုင်သူများ Credit ပေးပါတယ်။
အိပ်ယာဝင် နောက်ကျသူများ အိပ်ရေးပျက်သူများအတွက် အကြံပေးချက် ဗပာုသုတ
၁ - အဆင်သင့် ခေါက်ဆွဲများ မစားတာ အကောင်းဆုံးပါ။
သစ်သီးများ ၊ ပေါင်မုန့် ၊ ဆန်ပြုတ်နှင့်ဟင်းသီးဟင်းရွက်များကို အစာပြေစားပါ။
၂ - အိပ်ရေးပျက်မယ်ဆိုလျှင် ဗီတာမင်ဘီ တစ်လုံးစားခြင်းဖြင့်
ခန္ဓာကိုယ် ခုခံအားကို ပိုသန်မာစေတယ်။
၃ - မအိပ်ချင်အောင် သောက်နိုင်တဲ့ အဖျော်ယမကာများ၊
အကောင်းဆုံးက ရေနွေးကြမ်း Green Tea ပါ။
၎ - တစ်ညလုံး မအိပ်ဘူးလို့ ဆုံးဖြတ်ထားရင် မျက်နှာမှမိတ်ကပ်များကို
ဖယ်ရှားသင့်တယ်။ မျက်နှာကို သန့်ရှင်းအောင် ဆေးကြောသင့်တယ်။
၅ - ဇောင်းဂါးသီး (Carambole) ၊ ပန်းသီး ၊ သံပုရာသီး ၊ စပျစ်သီး ၊
အစရှိသော အသီးများတွင် ဗီတာမင်များ ပါရှိသောကြောင့်
မျက်ကွင်းညိုမဲခြင်း ၊ ဝက်ခြံပေါက်ခြင်း ၊ အစာကြေလွယ်ကူခြင်း ၊
အသားအရည်ကို မခြောက်သွေ့ စေခြင်း ၊ ဝိတ်မတက်စေခြင်းမှ
ကာကွယ်ပေးသည်။
၆ - အိပ်ရေးပျက်ပြီး နောက်တစ်နေ့  နေ့ လည်တစ်မှေးအိပ်လိုက်ပါ။
အိပ်ယာဝင်နောက်ကျတာက ကျန်းမာရေးကို ထိခိုက်တာမို့ အိပ်ရေးအပျက်မခံပါနှင့်။
သက်ဆိုင်သူများ Credit ပေးပါတယ်။