Saturday, July 4, 2015

ချစ်သူများနေ့ သမိုင်း

ရောမပြည် (Italy) မှ အချစ်အကြောင်းသည် ချစ်သူများနေ့  ဖြစ်ပေါ်ခြင်း၏ သမိုင်းအစ ဖြစ်သည်။ ရောမဘုရင် တစ်ပါး လက်ထက်တွင် စစ်တိုက်ထွက်ကြသော စစ်သည်တော်များသည် ချစ်သူရည်းစားနှင့် ဇနီးမယားများကို တမ်းတ အမှတ်ရမှုများကြောင့် စစ်ပွဲတိုင်း အမြဲ ရှုံးနှိမ့်ခဲ့ကြသည်။ ထို့ အကြောင်းကို ဘုရင်ကြီး သိသောအခါ ရောမမြို့ တွင် ချစ်သူရည်းစားမထားရ။ အစဉ်အလာအားဖြင့် လက်ထပ်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတော်ကြီးများကိုလည်း လုံးဝ မပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမိန့် ထုတ်ခဲ့သည်။
နှလုံးသား ရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့ ၏ အချစ်ကို နေ့ တစ်နေ့ အတွက် မရည်စူးပါ။ ချစ်တက်သူတွေ အမြဲရှင်သန်ဖို့  ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း (St. Valentine) ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်းသည် ချစ်သူတို့ ၏ ဘဝ ချစ်ခြင်း နိယာမ ကို နားလည်စာနာတက်သူမို့  မိမိအသက်ကို ပဓာန မထားပဲ လက်ထပ်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်ကြီး သိသွားသောအခါ ထိုနေ့  ဖေဖေါ်ဝါရီလ (၁၄) ရက်တွင် ဘုန်းတော်ကြီးအား အဆုံးစီရင်လိုက်ပါသည်။ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်းကို ဂုဏ်ပြုသောအားဖြင့် Valentine's Day (သို့ မဟုတ်) ချစ်သူများနေ့ ဟု ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်ပါသည်။

သက်ဆိုင်သူများ Credit ပေးပါတယ်။


No comments:

Post a Comment