လူတွေ တော်များများ ပြုလုပ်နေကျ အကျင့်တစ်ခုလို့ ဆိုရမှာပေါ့။
အဲဒါကတော့ အိပ်လို့ရှိရင် ဟန်းဖုန်းကို ခေါင်းအုံး၏ ဘေးမှာ ထားပြီး အိပ်ကြပါတယ်။
အလွန်ပင် အန္တရာယ် ကြီးပါတယ်။
ဟန်းဖုန်းမှ ရေဒီယို ဓာတ်ကြွရောင်ခြည်က လူတွေအတွက် ဆိုးရွာတဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
အထူသဖြင့် ဦးနှောက်နှင့် ပက်သက်သော ရောဂါများကို ဖြစ်စေနိုင်ပါတယ်။
ဒီထက်ဆိုးရွာ တာကတော့ ဦးနှောက်ကင်
်ဆာကို ဖြစ်စေနိုင် တယ်လို့ သိရပါတယ်။
ဒါကြောင့် ဟန်းဖုန်းကို ခေါင်းအုံးပြီး အိပ်ကြသူတွေတိုင်းကို သတိပေးချင်တာက ဟန်းဖုန်းကို လေးပေး ငါးပေး အကွာမှာ ထားပြီး အိပ်ပါလို့ အကြံပေးပါရစေ။
Tuesday, December 29, 2015
ဖုန်းကိုင်သူများ သတိထားစေချင်
အိုင်တီချစ်ဆိုဒ်အတွက် Apk
ကဲဒီတစ်ခါတော့ Viber ကနေရော Chat Box ကနေရော တောင်းတောင်းနေတဲ့ အိုင်တီချစ်ဦး ဆိုတဲ့ ကျွန်တော့ရယ်ဆိုဒ်လေးကို Update အဖြစ်နဲ ထွက်လာခဲ့ပါပြီ လိုအပ်သူများ အောက်မှာ Download ရယူနိုင်ပါတယ်။
Download - Download
Down မရခဲ့ပါက 09 79 812 7 813 ဆက်သွယ်အကြောင်းကြားနိုင်ပါတဟ်။
Wednesday, December 23, 2015
iPhone တွေမှာအသုံးပြုနေရင်း စက်ပူလာမှုပမာဏကို ဘယ်လိုဖြေရှင်းမလဲ?
iPhone ကိုအသုံးပြုရင်းကနေ overheating လို့ခေါ်တဲ့ အချိန်ကြာလာသည်နဲ့အမျှ
အပူချိန်မြင့်တက်လာမှုကိုပြသနာအတွက် ဖြေရှင်းနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီပြသနာက iPhone 6, 6s, 5, 5c, 5s, 4s or 4 တွေအားလုံးနီးပါးမှာ
ဖြစ်လေ့ရှိတာပါ၊ Users အများစုကြုံတွေ့နေရတဲ့ ပြသနာတစ်ခုလည်းဖြစ်ပါတယ်။
စိုးရိမ်တတ်တဲ့ Users တွေအတွက် ဒီ overheating ပြသနာကိုဖြေရှင်းနည်းကို
မိမိကိုယ်တိုင်အလွယ်တကူဖြေရှင်းယူနိုင်အောင် နည်းလမ်း (၅) မျိုးဖြင့် ဖေါ်ပြလိုက်ပါတယ်။
၁။ Safari Software Browser ကို Disable ပြုလုပ်ပေးပါ
အသုံးပြုနေရင်း စက်ပူလာမှုပြသနာကို ဖြေရှင်းနိုင်တဲ့ ပထမဆုံးနည်းလမ်းကတော့
Safari Software Browser ကို ပိတ်ထားချင်းဖြစ်ပါတယ်၊
အဲဒီအတွက် Setting>iCloud ကိုဖွင့်ပြီး Sync ကိုပိတ်ထားလိုက်ပါ။
၂။ Background App Refresh ကိုပိတ်ထားပါ
နောက်ထပ်ဖြေရှင်းပေးရမယ့် နေရာကတော့ Background App Refresh များကို
ပိတ်ထားခြင်းဖြင့်လည်း စက်အပူကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
အဲဒီ Background App တွေဟာ Battery ကိုအကုန်မြန်စေနိုင်တာမို့
မလိုအပ်ရင်ပိတ်ထားသင့်ပါတယ်၊ အဲဒီ Background App များကိုပိတ်ထားရန်အတွက်
Setting ကိုတစ်ချက်နှိပ်ပြီး General >Background App Refresh>
Disable Background App Refresh ဆိုပြီး ပိတ်ထားလိုက်ပါ။
၃။ ဖုန်းကို Restart ချပေးပါ
ဒီတစ်ခါ စက်အပူကိုလျှော့ချနိုင်ရန်အတွက် ပြုလုပ်ပေးရမယ့် နည်းလမ်းတစ်ခုကတော့
သင့်ဖုန်းကို အသုံးနေတာကို ခနရပ်ပြီး ဖုန်းကို Restart ချပေးရမှာဖြစ်ပါတယ်။
ဒီအတွက် ဖုန်းရဲ့ ပါဝါခလုပ် wake/sleep button နှိပ်လိုက်ပြီး slider to switch off
ဆိုတာကို ညာဘက်သို့ဆွဲလိုက်ပြီး ဖုန်းကို Restart ချပေးလိုက်ပါ။
ပြန်လည် ပါဝါခလုပ် wake/sleep button ကိုနှိပ်ပြီး ဖုန်းကိုဖွင့်လိုက်ပါ
ပြန်တက်လာတဲ့အခါ သင့်ဖုန်းရဲ့အပူချိတ် overheating ကိုသက်သာစေနိုင်ပါတယ်။
၎။ iTunes ကိုအသုံးပြုပြီး Device ကို Restore ပြုလုပ်ပေးပါ
ဒီတစ်ခါ သင့်ဖုန်းရဲ့ overheating စက်အပူချိန်ကို လျှော့ချပေးရန်အတွက်
ကွန်ပျူတာကိုအသုံးပြုပြီး iTunes ဖြင့် ဖုန်းရဲ့ Devices ကို Restore ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
Restore ပြုလုပ်ရန်အတွက် iPhone ကို ကွန်ပျူတာတွင် ချိတ်ဆက်လိုက်ပါ
ကွန်ပျူတာတွင် iTunes ဆော့ဝဲကို install ပြုလုပ်ပေးထားမှာပဲဖြစ်ပါတယ်။
iTunes က iPhone ကိုသိပြီဆိုတာနဲ့ iTunes ဆော့ဝဲရဲ့ summary panel မှတစ်ဆင့်
Restore ပြုလုပ်ပေးနိုင်ပါတယ်၊ Connection သာအဆင်ပြေနေရင်တော့ iOS Version ကို
Manual အနေဖြင့် Update ပြုလုပ်ပေးခြင်းဖြင့် စက်အပူကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
၅။ All Settings and Content ကို Reset ပြုလုပ်ပေးပါ
iDevice တွေရဲ့ အသုံးပြုနေရင်း စက်ပူလာမှုပမာဏကို လျှော့ချပေးနိုင်မယ့်
နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဖုန်းရဲ့ Setting တွေထဲမှာရှိတဲ့
All Settings and Content များကို Reset ချပေးရမှာဖြစ်ပါတယ်။
ဒီအတွက် Settings > General > Reset > select Erase all Settings and Content
ဆိုပြီးတစ်ဆင့်ချင်း နှိပ်ပြီး Reset all ပြုလုပ်ပေးလိုက်ပါ။
အခုလို Reset or erase ပြုလုပ်ခြင်းဟာ Firmware ကိုအသစ်ပြန်ရေးသလို
Reset တစ်ခုပြုလုပ်ပြီးတဲ့အခါ iPhone အသုံးပြုရန်အတွက်
Set up a new device အနေဖြင့် Activate ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။
သက်ဆိုင်သူများ ခရတ်ဒစ် ပေးပါတယ်
ချစ်ဖူးတယ်ဆိုရင် အောက်က စာတွေကို ဖတ်ကြည့်ပါ
အချစ်ဆိုတာ ဆန်းကြယ်လှပါတယ်။ သင်တစ်စုံတစ်ယောက်ကို အရမ်းချစ်မိရင်ပဲဖြစ်ဖြစ်၊ အသည်းကွဲရရင်ပဲ ဖြစ်ဖြစ် အစားပျက်၊ အအိပ်ပျက်ဖြစ်တာမျိုး၊ ညဘက်အထိ ချစ်သူပို့ထားတဲ့ မက်ဆေ့ခ်ျတွေကို ဖတ်ကြည့်လို့ မ၀ ဖြစ်နေတာမျိုးစတာတွေဟာ ဘာကြောင့်ဖြစ်သလဲဆိုတာကို ဒီအချက်တွေက သင့်ကို အဖြေပေးပါလိမ့်မယ်။
၁။စာထဲပေထဲက ချစ်သူနှစ်ဦးရဲ့ရင်ခုန်သံတွေ ထပ်တူကျတယ်ဆိုတာ တကယ် ဟုတ်ပါတယ်။-လေ့လာမှုအရ ချစ်သူစုံတွဲ ၃၂တွဲကို ၃မိနစ်ကြာအောင် တစ်ဦးနဲ့တစ်ဦးအား သုံးမိနစ်ကြာအောင် မျက်လုံးချင်း စိုက်ကြည့်ခိုင်းပြီး နှလုံးခုန်နှုန်းကို အကဲဖြတ်တိုင်းတာခဲ့ရာမှာတော့ ၄င်းတို့ရဲ့ နှလုံးခုန်စည်းချက်ဟာ ထပ်တူ ကျနေတာကို တွေ့ရပါတယ်။
၂။ ချစ်ရတာဟာ လူသားတွေ ကိုးကင်းသုံးလို့ဖြစ်တဲ့ခံစားမှုလိုပဲ ရင်ခုန်စိတ်လှုပ်ရှား စွဲလမ်းစိတ်ခံစားမှုကို ထုတ်လွှတ်ပေးကြောင်း ဦးနှောက်ဓာတ်မှန်ရိုက်ကြည့်ခြင်းမှ အဖြေထုတ်ပေးလိုက်ပါတယ်။
ဒါကြောင့်အချစ်ဟာ အကောင်းဆုံးမူးယစ်ဆေးလို့ပြောကြတာပေါ့။
၃ ။သိပ္ပံနည်းကျလေ့လာမှုအရ စုံတွဲ ၄၃ တွဲကိုလေ့လာမှုပြုခဲ့တဲ့အခါ ရည်းစားသက်တမ်း အစပိုင်းကာလမှာ ချစ်ခင်စွဲလမ်းမှုမြင့်မားခြင်းဟာ အသိစိတ် ထိန်းချုပ်နိုင်မှု လျော့ကျစေခြင်းနဲ့ ဆက်စပ်နေကြောင်း လေ့လာ တွေ့ရှိရပါတယ်။
သင်တစ်ယောက်ယောက်ကို အလွန်အမင်း ချစ်မိတဲ့အခါမှာ သင်ဟာအလုပ်လုပ်ရင် ခြေတုံချတုံ အမှားမှား လုပ်မိတယ်မဟုတ်ပါလား။ အထူးသဖြင့် ရည်းစားဖြစ်စမှာပေါ့။
၎။ Oxford University မှ သုတေသနပြုချက်အရ သင်ချစ်ရသူ တွေ့သွားတဲ့အခါမှာ သင်ချစ်ခင်ရတဲ့ သူငယ်ချင်း နှစ်ဦးကို ဆုံးရှုံးရပါသတဲ့။ ပြောရရင် သင့်မသိစိတ်မှာ ချစ်သူကပဲ နေရာယူထားနေလို့ပါ။
ဟုတ်မဟုတ်တော့ ကိုယ့်ဘာသာ စမ်းစစ်ကြည့်ကြပေါ့နော်။
၅။ မကြာသေးမီက လေ့လာမှုအရ ချစ်တဲ့အခါ စိတ်လှုပ်ရှားမှုကိုဖြစ်စေတဲ့ ဟော်မုန်းဓာတ်တွေဟာ ဦးနှောက် ကနေ ထွက်ပါတယ်။ ဆိုးကျိုးအဖြစ် နှလုံးခုန်မြန်ခြင်း၊ အစားမစားလိုခြင်း၊ အိပ်မပျော်ခြင်း၊ အလွန်အမင်း စိတ် လှုပ်ရှားခြင်းတို့ဖြစ်တတ်ပါတယ်။
၆။ သုတေသနလေ့လာမှုအရ စိတ်ကူးယဉ်ဆန်တဲ့ ချစ်ခြင်းဟာ တစ်နှစ်လောက်ထိရှိနိုင်ပြီး နောက်ပိုင်းမှာတော့ တွယ်တာ သံယောဇဉ်ဖြစ်တဲ့ ချစ်ခြင်းပုံစံမျိုးပြောင်းသွားကြောင်း လေ့လာတွေ့ရှိရပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ ချစ်ခြင်းဟာ တစ်ဦးနဲ့တစ်ဦးချစ်စမှာ အလွန်အမင်း စိတ်လှုပ်ရှားရင်ခုန်ကြတာမျိုးပါ။ (ပညာရှင်တွေက ဦးနှောက်ဆဲတွေ အတွက် အရေးပါတဲ့nerve growth factors(NGF)လို့ခေါ်တဲ့ သေးငယ်တဲ့ ဓာတ်တစ်မျိုးတိုးပွားလာတဲ့အဆင့်ကိုကြည့်ပြီးဆုံးဖြတ်ထားတာပါ။)အဲဒီ(NGF)ဟာ လူတွေမှာ ပုံမှန်အဆင့်ကို ပြန်ရောက်သွားရင် တွယ်တာ သံယောဇဉ်ဖြစ်တဲ့အချစ် ဖြစ်လာပါတယ်။ ဒါက တစ်နှစ်လောက်ကြာမှ ဖြစ်တာပါ။
ဒီချစ်ခြင်းက တူနှစ်ကိုယ် လက်တွဲဖို့အထိဖြစ်စေတဲ့ ချစ်ခြင်းပါ။
သက်ဆိုင်သူများ ခရတ်ဒစ်
ချစ်သူခြင်း စိတ်ကောက်ကြလျှင် ရှောင်သင့်သည်များ
( ၁ ) အရွဲ့မတိုက်ပါနဲ့
ဒါဟာ ပြဿနာဖြေရှင်းဖို့
အကောင်းဆုံးနည်းလမ်းမဟုတ်ပါဘူး
မီးလောင်ရာ ဓာတ်ဆ်ီနဲ့ ရေ မှားလောင်းမိသလိုပဲ
…
( ၂ ) ပြဿနာအစကို ပြန်စဉ်းစားပါ
ဘယ်သူ့ကြောင့် ဘာကြောင့်လဲ သေချာပြန်တွေးပါ
လူအမှားကိုဖျောက်ပြီး ဘယ်စကားက မှားသွားခဲ့သလဲတွေးပါ
အကောင်းဆုံး နည်းလမ်းကိုသေချာစဉ်စားပါ
…
( ၃ ) ကိုယ်က သူ့ကိုဘယ်လောက်ချစ်သလဲပြန်တွေးပါ
ကိုယ်မြတ်နိုးလို့ ရွေးချယ်ထားရတဲ့ချစ်သူပါ
ဘာမှဟုတ်တဲ့ ကိစ္စနဲ့ စွန့်လွှတ်ဖို့မ တွေးပါနဲ့
သူဘာဖြစ်ဖြစ်ချစ်နေမှ အချစ်ပါ .
…
( ၄ ) သူချစ်ခဲ့တာတွေ ပြန်တွေးပါ
အပြစ်တွေကို အချစ်တွေနဲ့ဖြေရတယ်တဲ့
ချစ်လွန်းလို့ ပြဿနာဖြစ်တာပါ !
စိတ်ဆိုးစိတ်ကောက် ရစ်တာ အပြစ်မဟုတ်ပါဘူး
…
( ၅ ) မာနကို စွန့်ပါ
ကိုယ့်ပုံစံခွက်ထဲနေရမယ်ဆိုတဲ့ မာနကိုစွန့်ပါ
ချစ်သူဆိုတာ ဖယောင်းတုံးမှမဟုတ်တာ
လိုသလို ပုံသွင်းဖို့ မဖြစ်နိုင်ပါဘူး
…
( ၆ ) ဟာမိုနီ ကျအောင်နေပါ
ချစ်သူက စကက်ဝတ်မယ်ဆို
ကိုယ်က ဘောင်းဘီဝတ်တာပေါ့
ချစ်သူက ထဘီဝတ်မယ်ဆို
ကိုယ်က ပုဆိုးလေးဝတ်မှာပေါ့
ဒါက အဆင်ပြေဆုံးနည်းလမ်းပါပဲ
( ၇ ) မစမ်းသပ်ပါနဲ့
ချစ်လွန်းခဲ့ရင် ကိုယ့်ကို သူဘယ်လောက်ချစ်သလဲသိချင်လာတာ
ချစ်သူတိုင်းရဲ့ ဖြစ်တက်တဲ့ သဘာဝပါပဲ
ဒီတော့ အချစ်စမ်းကြပါတယ်
ဒါဟာ မကြာခဏလုပ်သင့်တဲ့ ကိစ္စတော့မဟုတ်ပါဘူး
အချစ်ဟာ သစ်ပင်လေးတစ်ပင် ဆိုပါစို့
သူဘယ်လောက်ချစ်သလဲ သိချင်ရင်
သူ့ထံကအချစ် အဖူးအပွင့်ကိုကြည့်ပါ
အမြစ်ကို တူးကြည့်ပြီးမှ ယုံမယ်ဆိုရင်တော့
သစ်ပင်လေးပါ သေသွားနိုင်ပါတယ် . . .
…
စိတ်ဆိုး စိတ်ကောက်တယ်ဆိုတာ
ချစ်သူတိုင်းရဲ့ ဥာဏ်စမ်းပုစ္ဆာတွေပါပဲ . . .
ချစ်သူ မိန်းကလေးတွေ မုန်းတဲ့အချက် ( ၈ ) ချက်
၁။ "မအော်ငေါက်နဲ့"
-
မိန်းကလေးတွေဟာ သူတို့ချစ်သူက သူတို့ကိုအော်ငေါက်တာကို လုံးဝ မကြိုက်ကြဘူး~ချော့ပြောရင် နားထောင်နိုင်ပေမယ့် အော်ငေါက်ပြောတဲ့အခါ သူတို့က ဂျစ်ကန်ကန်ပဲတုံပြန်တတ်ကြတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး သူတို့ကို မအော်ငေါက်မိပါစေနဲ့
-
၂။ "ဆရာကြီးစတိုင်မလုပ်ပြနဲ့"
-
မိန်းကလေးတွေကကိုယ့်ချစ်သူ တော်ရင်ထက်မြက်ရင်သဘောကျ ပေမယ့် နေရာတကာ ငါ ဆရာကြီးလုပ်ပြနေရင် တဖြည်းဖြည်း အမြင်ကပ် လာတတ် တယ်။ ဒါကြောင့် တချို့နေရာတွေမှာ ကိုယ်ကသိနေရင်တောင် မသိချင်ယောင် သာဆောင်နေလိုက်ပါ။
-
၃။ "အဆက်အသွယ် မလုပ်ဘဲ အကြာကြီးပစ်မထားနဲ့"
-
ကိုယ်နဲ့သိပ်မရင်းနှီးတဲ့သူတွေကိုအဆက်အသွယ်မလုပ်ပဲအကြာကြီး နေလို့ရပေမယ့် ကိုယ့်ချစ်သူကိုတော့ တနေ့တခါလောက်တော့ ဖုန်းဆက်တာ ပဲဖြစ်ဖြစ် Message ပို့တာပဲဖြစ်ဖြစ်လုပ်သင့်ပါတယ်။ တခါတလေ ကိုယ်ပို့ လိုက်တဲ့ Morning Message တစ်စောင်က ကိုယ့်ကောင်မလေးရဲ့ တစ်နေ့တာကို ကိုယ်ထင်တာထက်ပိုပြီး အဓိပ္ပာယ်ရှိသွားစေနိုင်ပါတယ်။
-
၎။ "သူရဲဘောကြောင် မပြနဲ့"
-
မိန်းကလေးတိုင်းဟာသူတို့ချစ်သူကိုသတ္တိရှိတဲ့သူတစ်ယောက် ဖြစ်စေချင် ပါတယ်။ဘာတွေပဲပဲဖြစ်ဖြစ်သူတို့နဲ့လက်တွဲမဖြုတ်ဘဲအတူတူရင်ဆိုင် ပေးနိုင်မယ့်သူတစ်ယောက်ပေါ့ ဒါပေမယ့် အရေးကြုံတဲ့အခါမှ ကိုယ်က အားလျော့တဲ့စကားတွေပြောနေရင် ကိုယ့်ကောင်မလေးက ကိုယ့်ကို အထင်သေးသွားတတ်ပါတယ်။
-
၅။ "နောက်မကျနဲ့"
-
ဘယ်သူမှနောက်ကျရင်မကြိုက်ကြပါဘူး။အထူးသဖြင့်မိန်းကလေး တော်တော်များများ နောက်ကျရင် အရမ်းမုန်းပါတယ်။ ဒါကြောင့် သူတို့ချိန်းထားရင် အတတ်နိုင်ဆုံး အချိန်မှန်ရောက်အောင်သွားပါ။ ။
-
၆။ "အရမ်း မချုပ်ခြယ်နဲ့"
-
မိန်းကလေးတော်တော်များများဟာ သူတို့ချစ်သူကောင်လေး တားမြစ် ထားတဲ့ကိစ္စတွေကို မလုပ်ဖို့ ဆုံးဖြတ်ထားပင်မယ့် တရားလွန်ချုပ်ခြယ်လာတာ မျိုး ဖြစ်လာရင်တော့ စိတ်ကုန်လာတတ်ပါတယ်။ ဒါကြောင့် တခါတလေ နားလည်မှုပေးပြီး လွှတ်ထားလိုက်ပါ။
-
၇။ "ရန်ဖြစ်ရင် ဘယ်တော့မှ လက်မပါနဲ့"
-
ဒါကတော့အပေါ်မှာပြောထားသလိုပါပဲ၊ ကောင်မလေးတွေဟာသူတို့ကို အော်ငေါက်ရင်တောင်မကြိုက်တာလက်ပါပြီးရိုက်နှက်တတ်တဲ့ ကောင်လေးဆိုရင်တော့ စိတ်ထဲကပါ ရွံရှာသွားတတ်ပါတယ်။ ဒါကြောင့် ရန်ဖြစ်ရင် ဘယ်လောက်ပဲ ဒေါသထွက်ထွက် ကိုယ့်စိတ်ကိုယ်ထိန်းပါ။
-
၈။ "ကိုယ့်ချစ်သူကို တန်ဖိုးမထားတဲ့ပုံစံ ဘယ်တော့မှ မလုပ်ပြနဲ့"
-
ဒီအချက်ကတော့အားလုံးထဲမှာအရေးအကြီးဆုံးပါပဲ၊ ကောင်မလေး တစ်ယောက်ဟာ သူမကောင်လေးက သူမကို တန်ဖိုးမထားဘူးလို့ ခံစားရပြီဆို အဲ့ဒါဟာ သူမအတွက် ငရဲတစ်ခုလိုပါပဲ။ ဒါကြောင့် ကိုယ့်ကောင်မလေး ကိုယ့်အတွက် လုပ်ပေးတဲ့ အသေးစိတ်လေးတွေက အစ တန်ဖိုးထားကြောင်းပြပါ။ သူမနှင့် ချစ်ရသည့်အတွက်လည်း ပျော်ရွင်မိကြောင်း ခဏခဏပြောဆိုပါ။ သူမကို ကိုယ်တန်ဖိုးထားကြောင့် သူမသိပါစေ။
-
တကယ်တော့ ကမ္ဘာပေါ်မှာ အဲ့လိုမျိုးအချက်တွေကို လုပ်ပေးမယ့် "ကောင်လေး" မရှိဘူးလို့ ပြောမယ့် "ကောင်မလေး" တွေ တပြုံကြီးရှိပါတယ်၊ ဒါပေမယ့် အဲ့အချက်တွေ အားလုံးနဲ့မပြည့်စုံရင်တောင် ကိုယ့်ချစ်သူစိတ်ချမ်းသာအောင် အကောင်းဆုံးကြိုးစားပေးဆပ်နေမယ့် "ကောင်လေး" တွေလည်း အများကြီးရှိမှာပါ၊
-
အဲ့တော့ချစ်သူအားလုံးရန်ဖြစ်ခြင်းတွေကင်းပြီးအဆင်ပြေပြေနဲ့ နေနိုင်ကြပါစေလို့
-
အားလုံးသော စုံတွဲတွေ ပျော်ရွှင်ကြပါစေ
-
သက်ဆိုင်သူများ Credit
Tuesday, December 22, 2015
FB Group ဝင်ထားသူတွေအတွက် အလွယ်သုံးဖို့
Facebook က တရားဝင်ထွက် ရှိလာပီ ဖြစ်တဲ့ Groups ဆော့ဝဲဟာ facebook မှ Groups ဝင်ထားသူများနဲ Groups နှင့်သက်ဆိုင်သည်များကို မိမိ Account ရိုတ်ထည့်၍ အသုံးပြုနိုင်ပါသည်
facebook မှ Group များကို အလွယ်တကူ ဝင်ရောက်လေ့လာ နိုင်မှာလည်းဖြစ်ပါတယ်။
လိုအပ်သူများအောက်မှာ Down နိုင်ပါတယ်။
Download - Download
သက်ဆိုင်သူများ ခရက်ဒစ်
FB Group ဝင်ထားသူတွေအတွက် အလွယ်သုံးဖို့
Facebook က တရားဝင်ထွက် ရှိလာပီ ဖြစ်တဲ့ Groups ဆော့ဝဲဟာ facebook မှ Groups ဝင်ထားသူများနဲ Groups နှင့်သက်ဆိုင်သည်များကို မိမိ Account ရိုတ်ထည့်၍ အသုံးပြုနိုင်ပါသည်
facebook မှ Group များကို အလွယ်တကူ ဝင်ရောက်လေ့လာ နိုင်မှာလည်းဖြစ်ပါတယ်။
လိုအပ်သူများအောက်မှာ Down နိုင်ပါတယ်။
Download - Download
သက်ဆိုင်သူများ ခရက်ဒစ်
ချစ်သူများ နေ့ဖြစ်လာပုံ
ချစ်သူများနေ့ သမိုင်း
ရောမပြည် (Italy) မှ အချစ်အကြောင်းသည် ချစ်သူများနေ့  ဖြစ်ပေါ်ခြင်း၏ သမိုင်းအစ ဖြစ်သည်။
ရောမဘုရင် တစ်ပါး လက်ထက်တွင် စစ်တိုက်ထွက်ကြသော စစ်သည်တော်များသည် ချစ်သူရည်းစားနှင့် ဇနီးမယားများကို တမ်းတ အမှတ်ရမှုများကြောင့် စစ်ပွဲတိုင်း အမြဲ ရှုံးနှိမ့်ခဲ့ကြသည်။
ထို့ အကြောင်းကို ဘုရင်ကြီး သိသောအခါ ရောမမြို့ တွင် ချစ်သူရည်းစားမထားရ။
အစဉ်အလာအားဖြင့် လက်ထပ်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတော်ကြီးများကိုလည်း လုံးဝ မပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမိန့် ထုတ်ခဲ့သည်။
နှလုံးသား ရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့ ၏ အချစ်ကို နေ့ တစ်နေ့ အတွက် မရည်စူးပါ။ ချစ်တက်သူတွေ အမြဲရှင်သန်ဖို့  ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း (St. Valentine) ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်းသည် ချစ်သူတို့ ၏ ဘဝ ချစ်ခြင်း နိယာမ ကို နားလည်စာနာတက်သူမို့  မိမိအသက်ကို ပဓာန မထားပဲ လက်ထပ်ပေးလိုက်ပါသည်။
ထိုအကြောင်းကို ဘုရင်ကြီး သိသွားသောအခါ ထိုနေ့  ဖေဖေါ်ဝါရီလ (၁၄) ရက်တွင် ဘုန်းတော်ကြီးအား အဆုံးစီရင်လိုက်ပါသည်။
ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်းကို ဂုဏ်ပြုသောအားဖြင့် Valentine's Day (သို့ မဟုတ်) ချစ်သူများနေ့ ဟု ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်ပါသည်။
Honor 4x ( Che2-UL00 ) version 4.4.2 ကို Root လုပ်မယ်
Honor 4x ( Che2-UL00 ) version 4.4.2 ကို Root ကို Root လုပ်ဖို့တောင်းထားတဲ့ သူတွေရော Mail ထဲကနေပြီး မေးထားသူတွေ အတွက်ရော တင်ပေးလိုက်ပါတယ်။
လိုအပ်တဲ့ Apk လေးကိုတော့ အောက်မှာပဲ Down လိုက်ကြပါ။
ဒေါင်းလို့ရလာတဲ့ King Root apk လေးကို install လိုက်ပါ။ install လုပ်ပြီးရင်တော့ King Root apk လေးကိုဖွင့်လိုက်ပါ။
Root လုပ်ပေးလိုက်ပါ။ ခဏလေးပဲစောင့်ပေးလိုက်ပါ။ အမှန်ခြစ်လေးပြရင် Root လုပ်ခြင်း အောင်မြင်ပါပြီ။
Phone Screen ပေါ်မှာလဲ King User ဆိုတဲ့ apk လေးကို တွေ့မြင်ရပါမယ်။
Download - Download
Root ဖြစ်မဖြစ်စစ်ဖို့အတွက် ကတော့အောက်မှာ Down လိုက်ပါ။
Download - Download
သက်ဆိုင်သူများ Credit
Monday, December 14, 2015
Free Apple ID Account ဖွင့်နည်း
Apple ID Account ဖွင့်နည်းလေးတင်ပေးလိုက်ပါတယ် လိုအပ်သူများ Download ရယူနိုင်ပါတယ် PDF File အဖြစ် ထုတ်ပေးထားသောကြောင့် အချိန်မရွေး ဖတ်နိုင်ပါတယ်။ အခြာမှ ကူးယူဖော်ပြထားခြင်းကြောင်း မေးမြန်းခြင်း သည်းခံပေးပါ။လိုအပ်သော iTune ကိုနဲ လုပ်နည်းကိုတော့ အောက်မှာ Down ယူလိုက်ပါ။
Download iTune 32-bit - Download
Download iTune 64-bit - Download
Download PDF - Download
သက်ဆိုင်သူများ ခရက်ဒစ် ပေးပါတယ်
Computer မှာ Android Software တွေပေါ်ဖို့အတွက်
ကွန်ပြူတာ အတွက် MZW Market Software လေးပါ။ သူက ကွန်ပြူတာကနေ မိမိ Android ဖုန်းက APK တွေ Apk တွေကို Install လုပ်တဲ့ အခါမှာ အကူအညီ ပေးတဲ့ Helper လေး အဖြစ်သုံးလို့ရမယ့်အပြင် ...
မိမိ ကွန်ပြူတာထဲမှာ ရှိတဲ့ Application လေးတွေကိုလည်း ပုံနှင့်တကွ ဖော်ပြပေးမှာဖြစ်ပါတယ်...
ဖုန်းနဲ့ပတ်သက်တဲ့အတွက် အသုံးဝင်မယ့် Software လေးပါ။ လိုအပ်ရင်အောက်မှာဒေါင်းပါ
Download - Download
သက်ဆိုင်သူများ ခရက်ဒစ်ပါ
Saturday, December 12, 2015
ဒီတစ်ခု တင်ပေးမှာကတော့ ဟာသလေးတစ်ခုပါ ဖုန်းနဲတော့မဆိုင်ပါဘူး
ချောလဲတယ်
ပင်လယ်ကမ်းစပ် ရွာတစ်ရွာက အိမ်ရှင်ယောက်ျားတွေဟာ မကြာခဏ ပင်လယ်ထဲသွားပြီး ငါးသွားရှာကြတယ်။
အိမ်ရှင်ယောက်ျားမရှိတဲ့အချိန် တချို့မိန်းမတွေက ဖောက်ပြန်ကြတယ်။
ဖောက်ပြန်ပြီးတိုင်းလည်း ဖာသာဆီသွားပြီး အမှားဝန်ခံကြတယ်။
ကြာလာတော့ ဖာသာကမိန်းမတွေကို "နောက်တစ်ခါ လာဝန်ခံကြရင် ခိုးစားတယ်လို့မပြောဘဲ "ချော်လဲတယ်"လို့ ပြောပါ။
ချော်လဲလာတယ်လို့ ပြောရင် ငါသိပြီ" လို့ မှာလိုက်တယ်။
နောက်တော့ ဖာသာအသက်ကြီးပြီး နောက်ဖာသာအသစ်တစ်ယောက်ပြောင်းတယ်။
မပြောင်းခင် ရွာသူကြီးကို "ချော်လဲတယ်"ဆိုတဲ့ အဓိပ္ပါယ်ကိုပြောပြပြီး နောက်ဖာသာကိုရှင်းပြဖို့ မှာခဲ့တယ်။
ဖာသာအသစ်ရောက်လာတော့ သူကြီးက အဲဒီစကားရဲ့အဓိပ္ပါယ်ကို ပြောပြဖို့မေ့သွားခဲ့တယ်။
ရွာထဲ မိန်းမတွေက အရင်အတိုင်းပဲ ခိုးစားပြီးတိုင်း ဖာသာအသစ်ဆီသွားပြီး ဝန်ခံကြတယ်။
ချော်လဲတဲ့လူတွေ များနေတာကြောင့် ဖာသာက သူကြီးဆီသွားပြီး ...........
မိန်းမတွေ မကြာခဏချော်လဲနေတာကြောင့် ရွာထဲကလမ်းတွေ ပြုပြင်သင့်ကြောင်း ပြောပြတယ်။
ဖာသာစကားကိုကြားတော့ သူကြီးက ထရယ်တယ်။ အားရပါးရ ရယ်နေတဲ့သူကြီးကိုကြည့်ပြီး ဖာသာနားမလည်စွာနဲ့ ထအော်တယ်။
"သူကြီး... ခင်ဗျား ဘာရယ်နေတာလဲ! ဒီတစ်ပတ်အတွင်း ခင်ဗျားမိန်းမ ချော်လဲတာ ၃ ခါရှိပြီဗျ
Thursday, December 10, 2015
ဖုန်းအဝင် CALL ကိုနားမှာကပ်ပေးရုံနဲ့ AUTO ကိုင်ပေးမယ
်ဖုန်းအဝင် call ကိုနားမှာကပ်ပေးရုံနဲ့ auto ကိုင်ပေးနိုင် ဆော့ဝဲလ်လေးပါ
စမ်းကြည့်ပေါ့ဗျာ ဖုန်းတိုင်းတော့မရပါဘူး
ကျနော့်ဖုန်းတော့ရပါတယ်
အဆင်ပြေတယ်သုံးချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းပါ
Download - Download
သက်ဆိုင်သူများ ခရစ်ဒစ်
ဖုန်းကို အဝေးမှ FACTORT RESET ပြုလုပ်ခြင်း
အဝေးမှ factory reset ပြုလုပ်ခြင်း
မင်္ဂလာပါ
အခုကျနော်ပြောပြမှာက သင့်တို့အတွက် အထောင့်အကူဖြစ်စေမဲ့ နည်းလမ်းလေးတခုပါ
သင့်ရဲ့ဖုန်းဟာ ခိုးယူရလျှင် ဒါမှမဟုတ် ပျောက်ဆုံးသွားလျှင် ဖုန်းထဲမှ သင့်ရဲ့ အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ နဲ့ပတ်သက်တဲ့ ဖိုင်တွေဟာ စိုးရိမ်စရာဖြစ်မိမှာအမှန်ပါ
အဲ့ဒီအခြေအနေမှာ Google ရဲ့ Android Device Manager ကိုအသုံးပြုပြီး အဝေးမှသင့်ရဲ့ဖုန်းကို factort reset ချခြင်းဖြင့် ကာကွယ်ပြုလုပ်နိုင်ပါတယ်
Google က Android Device တွေမှာ Android Device Manager ကိုကြိုတင်ထည့်သွင်းပေးထားသလို ဖုန်းအဟောင်းတွေမှာလည်း အင်တာနက်ဆက်သွယ်မူကတဆင့် နောက်ကွယ်ကနေထည့်သွင်းပေးထားပါတယ်
သင့်ရဲ့ဖုန်းမှာ Android Device Manager မရှိရင်ကိုယ်တိုင်ထည့်သွင်းနိုင်ပါတယ် ဖုန်းမပျောက်ခင်ကြိုတင်ထည့်သွားထားဖို့အရေးကြီးပါတယ်
ဖုန်းပျောက်သွားလျှင် အခြားဖုန်း ဒါမှမဟုတ် pc(ကွန်ပျူတာ)ကနေ Android Device Manager Website(ဝက်ဆိုဒ်)သို့သွားပြီး ပျောက်သွားတဲ့ဖုန်းမှ Google Acount ကို Login ဝင်ပြီး Android Device Manager မှသင့်ရဲ့ဖုန်းကိုရှာတွေ့ရင် Ring;Lock;Easer စတဲ့ရွေးချယ်မူတွေကိုပြသမှာဖြစ်ပါတယ်
Easer ကိုနိပ်ရင် Confirmation Menu တခုပေါ်လာမှာပါ Confrim လုပ်တာနဲ့ သင့်ရဲ့ဖုန်းမှ Data အားလုံးကိုဖျတ်ဆီးပစ်ပြီး စက်ရုံထုပ်အတိုင်း(ဖုန်းအသစ်တလုံးလို) အခြေအနေအတိုင်းပြုလုပ်ပေးမှာပါ
Download - Download
SMS နဲ့ CALLLOG တို့ကို BACK-UP / RESTORE ပြုလုပ်ချင်သူများအတွက်
SMS နဲ့ CallLog တို့ကို Back-up / Restore ပြုလုပ်ချင်သူများအတွက်
image
Apploication ကောင်းကောင်းလေးတစ်ခုကို တင်ပေးလိုက်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် data တွေ Back-up လုပ်ရင်း SMS တို့ Calllog တို့ကို
Back-up လုပ်ထားချင်သူတွေအတွက် ဒီ application လေးက ကူညီပေးမှာပါ။
အသုံးပြုရတာလဲ လွယ်ကူပါတယ်။ application ကို install ပြုလုပ်ပြီး application လေးကို
ဖွင့်လိုက်ပါ။ အထဲထဲမှာပါတဲ့ BACKUP NEW ဆိုတာလေးကို နှိပ်လိုက်ပါ။ Location ရွေးခိုင်းပါမယ်။
ကိုယ်သိမ်းထားချင်တဲ့နေရာကို Location လေးရွေးပေးလိုက်ပါ။ ပြီးရင် OK ကိုနှိပ်ပေးလိုက်ပါ။
ဒါဆို ကိုယ်ရွေးထားတဲ့ Location လေးကိုသွားရောက်ပြီး Back up လုပ်ပေးသွားပါမယ်။
ကိုယ်ရွေးထားတဲ့ Location ထဲမှာသွားရောက်ကြည့်ရှု့နိုင်ပါတယ်။ SMS&CallLog Backup Folder
လေးနဲ့ Back up လုပ်ပေးထားတာတွေ့ရပါမယ်။
ပြန်လည် Restore ပြုလုပ်ချင်ရင်တော့ RESTORE/NEW BACKUP ဆိုတာကိုရွေးပေးပြီး
OK လေးနှိပ်ပေးလိုက်ရုံပါပဲ။ သုံးရတာလဲလွယ်ကူမှု့ရှိတဲ့ ဒီ application လေးကိုရယူချင်ရင်တော့
အောက်ကလင့်လေးကနေ ၀င်ရောက်ရယူလိုက်ပါ
Download - Download
ANDROID စက်ဖွင့်နည်း ၅ နည်း
Android Phone တစ်လုံးမှာ Mode (၅)မျိုးရှိပါတယ်
(၁)Power mode
(၂)Charging mode
(၃)Recovery mode
(၄)Bootloader mode(or)Downloading
mode(or)fastboot mode
(၅)Adb mode တို့ဘဲ ဖြစ်ကြပါတယ်
(၁)Power modePower mode ဆိုတာကတော့ ပါဝါဖွင့်ဖွင့်ချင်း စတတ်တဲ့ mode ကို ပါဝါ modeလို့ ခေါ်ပါတယ်
(၂)Charging modeCharging mode ကတော့ ဖုန်း ကို ပါဝါပိတ်ပြီး အားသွင်းရင်charger လေး ဖုန်းမှာ ပြေးနေပါလိမ့်မည် အဲဒါကို Charging mode လို့ခေါ်ပါတယ်
(၃)Recovery modeRecovery mode ဆိုတာကတော့ ပုံမှန်ဖုန်းဖွင့်ရင် မြင်တွေ့ရမှာ မဟုတ်ပါဘူုးုkey တွေနဲ့ ပေါင်းစပ်ထားပါတယ် ။့ HUAWEI မှာဆိုရင် Vol up + Power,Samsung မှာဆိုရင် Home+Volume up+Power , Sony မှာဆိုရင်တော့သူ့အတွက် Partation မပါပါဘူး , HTC မှာဆိုရင်လည်း သူ့အတွက် partationက သက်သက် မထည့်ပေးထားပါဘူး အဲဒီအတွက် သက်ဆိုင်ရာ key ကိုနှိပ်ပြီးမှ ၀င်လို့ ရမှာ ဖြစ်ပါတယ် ဒီကောင်အတွက် အကျယ်ချုပ်ကိုတော့ နောက်မှရှင်းပြပါမယ်
(၄)Bootloader mode(or)Downloading mode(or)Fastboot modebootloader mode ကို ဘယ်မှာ သုံးလဲဆိုရင်တော့ Huawei မှာသုံးပါတယ်ဒီကောင်ကို ဘာလို့ခေါ်သေးလဲဆိုရင် Fastboot mode လို့ခေါ်ပါသေးတယ်Vol Down + Power လေး နှိပ်လိုက်တာနဲ့ Huawei Logo လေးမှာ ရပ်နေပါလိမ့်မည် အဲကောင်လေးကို bootloader mode(or)Fastboot mode လို့ခေါ်ပါတယ် Downloading mode ကျတော့ Samsung မှာ အသုံးများပါတယ်Vol Down+ Home +Power key ကိုနှိပ်ပြီး Vol Up ကိုတစ်ချက်နှိပ်လိုက်တာနဲ့စက်ရုပ်ပုံစံလေးနဲ့ Downloading mode လေးပေါ်နေတာကို Downloading modeလို့ခေါ်ပါတယ် Fastboot mode ကျတော့ Sony,Huawei,Htc တွေမှာ အသုံးများပါတယ်
(၅)ADB modeADB ဆိုတာကတော့ Android debug bridge လို့ အဓိပ္ပါယ်ရပါတယ်bridge ဆိုတာကတော့ developerသမားတွေ အလုပ်လုပ်တဲ လုပ်ဆောင်ချက်တွေကိုရည်ညွန်းတဲ့သဘောဖြစ်ပါတယ် အဲဒါကြောင့်မို့adb ဆိုတာကတော့ PC Comment Lineတွေပေါ်မှာ အဓိက လုပ်ဆောင်တာ ဖြစ်ပါတယ်.အလွယ်ပြောရရင် USB debuging on ထားတယ်ကွန်ပြူတာနဲ့ ဖုန်းနဲ့ သိတယ်ဆိုရင် အဲဒါကို ADB mode လို့ခေါ်ပါတယ်။
သက်ဆိုင်သူများ ဒရက်ဒစ်