ဒိန်းမတ်အခြေဆိုက် တက္ကသိုလ်တစ်ခုမှ ဒိန်းမတ်နိုင်ငံသား ၁၁၀၀ ခန့်ရဲ့ အကူအညီကို ရယူပြီးတော့ ဆိုရှယ်မီဒီယာဆိုင်ရာ စစ်တမ်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ Happiness index လို့ခေါ်တဲ့တိုင်းတာတဲ့ နည်းပညာ တစ်ခုရှိပြီး Facebook အသုံးပြုနေစဉ်မှာ 6 ကျော်ကျော်ပဲ ရှိပါတယ်။ ယင်း ၁၁၀၀ ဦးရေကို တစ်ပတ်လောက် Facebook အသုံးမပြုစေပဲနေပြီးတော့ ပြန်လည်တိုင်းတာ ကြည့်တဲ့အခါ သူတို့ရဲ့ Index ဟာ ၈ အထက်ကို ရောက်သွား ပါတယ်။
အဓိကကတော့ Facebook အသုံးပြုစဉ်လူတွေဟာ မိမိကိုယ်ကိုကို အခြားလူ များနဲ့ နှိုင်းယှဉ်နေလို့ ဖြစ်ပါတယ်။ အခြားသူများရဲ့ လှပတဲ့ အသွင်အပြင်၊ ပိုင်ဆိုင်မှု၊ ဖြစ်တည်မှုများကို မြင်ရပြီး မိမိကိုယ်မိမိနဲ့ နှိုင်းစာပါတယ်။ ယင်းသို့ နှိုင်းစာမှု များလာတဲ့အခါ တဖြည်းဖြည်းနဲ့ မိမိရဲ့ အသွင်အပြင်၊ ရရှိပိုင်ဆိုင်မှု၊ ဖြစ်တည်မှုများကို မကျေနပ်တော့သလိုများ ဖြစ်လာပြီး နောက်ဆုံးမှာ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်းများ ဖြစ်ပါလိမ့်မယ်။
ဒါကြောင့်မို့ Facebook ကို အချိန်ကြာကြာ အသုံးပြုခြင်းဟာ လူများကို စိတ်ဓာတ်ကျခြင်းနဲ့ ဒေါသထွက်စေခြင်းတို့ကို ပိုမို ဖြစ်စေကြောင်း အတည်ပြု ထုတ်ပြန်လိုက်ရပါတယ်။
Saturday, December 5, 2015
Facebook အသုံးပြုခြင်းက သ့င်ကို စိတ်ဓာတ်ကျစေ၊ ဒေါသထွက်စေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment