SD Memory အလိုအလျောက် full ဖြစ်နေတာဘယ်လိုလုပ်မလဲ???
စက်ရုပ်အတွက် နည်းပညာလေးတစ်ခုပါ ... သိသူများကျော်သွားလိုက်ပါဗျ ....
သင်ဖုန်းမှာထည့်ထားတဲ့ sd ကဒ်ထဲမှာ ကိုယ်က data တွေကို 2 Gb လောက်ပဲထည့်ထားပေမယ့် 3 Gb ကျော်လောက် ဖြစ်နေတတ်ပါတယ် ... အဲ့လိုဖြစ်တာကတော့ အများအားဖြင့် photo, video တွေ အကြည့်များတဲ့ စက်တွေမှာအဖြစ်များပါတယ် ... ကျွန်တော်လိုပေါ့ ဟီးဟီးးးးးးး .....
photo, video တွေအကြည့်များတဲ့အတွက် thumb ဖိုင်တွေအများကြီးထွက်ပါတယ် ... [သိတဲ့သူကတော့ thumb ဖိုင်ကိုရှာဖျက်ပေးလိုက်ရင် OK ပါတယ် ... အခုကမသိသေးတဲ့သူများအတွက်ပါ ...]
ကျွန်တော် (Android 4.0.4) စက်မှာဆိုရင် .thumbdata ဖိုင်တစ်ခါတက်ရင် 900 Mb ကျော်ကျော်လောက်တက်ပါတယ် ... .thumbnails ဖိုဒါထဲက .thumbdata ဖိုင်က ဖိုင်ဆိုဒ်အရမ်းကြီးလာလို့ Memory Full ဖြစ်ရခြင်းပါ ... အဲ့ .thumbnails ဖိုဒါက DCIM ဖိုဒါထဲမှာပါ ... ပုံမှန်အားဖြင့်တော့ အဲ့ .thumbnails ဖိုဒါက Default File Manager နဲ့ဖွင့်ရင် မတွေ့နိုင်ပါ ... Show hidden files function ပါတဲ့ File Manager တွေသုံးပီဖွင့်မှာ အဲ့ .thumbnail ဖိုဒါကိုတွေ့ရမှာပါ ... [မှတ်ချက် - ဖုန်း SD ကို PC နဲ့ဖွင့်ရင်တွေ့နိုင်ပါတယ် ...]
photo, video တွေကြည့်လိုက် ... thamb ဖိုင်တွေတက်လာလို့ free storage ကနည်းသွားလိုက် ... thumb ဖိုင်တွေရှာပီ ဖျက်လိုက်နဲ့အလုပ်တော်တော်ရှုပ်ခဲ့ပါတယ် ... အခုတော့ ဒီနည်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ ... ဘယ်တော့မှာ DCIM >> .thumbnails ဖိုဒါထဲမှာ thumb ဖိုင်တွေ ထပ်တက်လာတော့မှာမဟုတ်ပါဘူး ... ကျွန်တော်ဒီနည်းလေးအတိုင်း Android 2.3.5 နဲ့ 4.0.4 version နှစ်မျိုးမှာ စမ်းသပ်ပီးပါပြီ ... ဖြေရှင်းနည်းတွေအများကြီးရှိတဲ့ထဲက ဒီနည်းလေးကအဆင်အပြေဆုံးမို့ ရှယ်လိုက်ပါတယ်ခင်ဗျာ ...
ကဲစလိုက်ရအောင်ဗျ - ကျွန်တော် ES File Manager ဆော့ဝဲလ်လေးနဲ့ ပြုလုပ်ပြပါမယ်ဗျ ... မရှိသေးရင်လည်း Play Store မှာဒေါင်းလိုက်ပါခင်ဗျာ ...
ပထမဆုံး
Android 2.3 တွေမှာ Setting >> Applications >> Manage applications >> All tab ကိုသွားပီ
Gallery နဲ့ Media Storage နှစ်ခုကို Clear data နဲ့ Force stop လုပ်ပေးပီ ဖုန်းကို Reboot (or) Restart လုပ်ပါ ...
Android 4.0.4 တွေမှာ Setting >> Apps >> All Tab ကိုသွားပီ
Gallery နဲ့ Media Storage နှစ်ခုကို Clear data နဲ့ Force stop လုပ်ပေးပီ ဖုန်းကို Reboot (or) Restart လုပ်ပါ ...
ပြန်တက်လာရင် ES File Manager ကိုဖွင့် Menu ထဲက Show hidden files က OFF ဖြစ်နေရင် On ပေးပါ ...
ပီရင် ES File Manager >> DCIM >> .thumbnails ဖိုဒါထဲကိုဝင်ပါ ... ပုံမှာပြထားသလိုပဲ .thumbdata ဖိုင် (976.52 MB) တစ်ဖိုင် {.thumbdata3--1967290299}(သို့) {.thumbdata3-1763508120} (32.61 MB) တစ်ဖိုင်နဲ့ ပုံတွေ စသဖြင့်တွေ့ပါလိမ့်မယ် ... .thumbdata တစ်ဖိုင်ရှိလည်း တစ်ဖိုင် ... နှစ်ဖိုင်ရှိလည်း နှစ်ဖိုင် ... လုံးရဲ့ Rename ကို Copy ယူပီ notepad မှာဖြစ်ဖြစ်မှတ်ထားလိုက်ပါ ...
ပီရင် .thumbdata ဖိုင်နဲ့ ပုံတွေအားလုံးကို Delete လုပ်လိုက်ပါ ...
ပီရင် ပုံထဲမှာမျှားပြထားတဲ့ (+) အပေါင်းလေးကိုနှိပ်ပီ File ကိုရွေးပါ ...
ပေါ်လာတဲ့အကွက်ထဲမယ် ခုနက Rename မှတ်ထားတဲ့ name ကိုထည့်ပေးရပါမယ် ... Ok လုပ်ပါ ...
{မှတ်ချက် - .thumbdada ဖိုင် နှစ်ဖိုင်ပေါ်တဲ့သူကတော့ နှစ်ဖိုင်လုံး ပြုလုပ်ပေးရပါမယ် ...}
ဒါဆိုရင်တော့ ခုနက ဖိုင်ဆိုဒ်အကြီးဆုံးနဲ့ .thumbdata3--1967290299 ဖိုင်နေရာကို 0.00 B ဆိုဒ်နဲ့ ချိန်းလိုက်တာပါ ... သဘောကတော့ photo, video တွေကြည့်လို့တက်တဲ့ .thumbdata ဖိုင်နေရာကို ကျွန်တော်တို့က ဘာမှမသုံးထားတဲ့ ဖိုင်အလွတ်နဲ့ အစားထိုးလိုက်တာပါ ...
ပီရင် ဖုန်းကို Reboot (or) Restart ချပါ ... ပြန်တက်လာရင်တော့ အသုံးပြုလို့ရပါပီခင်ဗျာ ... .thumbdata ဖိုင်တွေဆက်မတက်တော့ပါဘူးခင်ဗျာ ...
အပေါ်ကနည်းအတိုင်း ES File Manager နဲ့ပြုလုပ်လို့ thumb ဖိုင်တွေ ထပ်တက်လာသေးတယ်ဆိုရင် Root Explorer ကိုအသုံးပြုပီ အပေါ်ကနည်းအတိုင်းပဲ ပြုလုပ်ပါခင်ဗျာ ...စက်အားလုံးမှာ အဆင်ပြေချင်မှာပြေပါမယ် ... ကျွန်တော်စက်အားလုံးတော့ မစမ်းသပ်ရသေးပါခင်ဗျာ...
လိုအပ်သော Software တွေကို အောက်မှာ Down လိုက်ပါ။
ES File Explorer Apk - Download
Wednesday, January 20, 2016
SD Memory အလိုအလျောက် full ဖြစ်နေတာဘယ်လိုလုပ်မလဲ???
Subscribe to:
Post Comments (Atom)
No comments:
Post a Comment