ုံအေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာစစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင်စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီး မယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲနေချင်ကြတယ်..။ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်..စစ်သားသစ်တွေလိုလာတယ်..။စစ်သည်အင် အားကို လည်းပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်.။ ဒါပေမယ့် ယောကျာ်းတွေကလဲစစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်..။Claudius ဟာစဉ်းစားတယ် ယောကျာ်းတွေဟာ မိသားစုသံယောဇဉ်ကြောင့်စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့မိုက်မိုက်မဲမဲတွေးမိတယ်..။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း လူငယ်တွေအိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်..။ လူငယ်တွေ အတွက် ရက်စက်ပြီးအဓိပ္ပါယ်မရှိတဲ့ ဥပဒေပေါ့...။ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်တော်ကြီး တစ်ပါးပေါ်လာတယ်..။ သူ့နာမည်ကSaint Valentine လိုခေါ်ပြီး လက်ထပ်ပွဲတွေမှာကောင်းချီးပေးတဲ့ ဘုးန်ကြီးပေါ့..။သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားမှ လက်ထက်ပွဲတွေကိုသိုးသိုးသိပ်သိပ် စီစဉ်ကျင်းပပေးခဲ့တယ်..။ သူ့ရဲ့ သီးသန့်အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ်မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်..။ တစ်ညမှာတော့သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းထဲ ဝင်ရောက်ဖမ်းဆီးကြတယ်..။မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း St. Valentine ဖမ်းဆီးခြင်းခံရပြီးသေဒဏ်ချမှတ် လိုက်ကြတယ်..။သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ် သူထောင်ထဲမှာရှိစဉ် ရောမမှာ ရှိတဲ့လူငယ်တွေဟာ ထောင်ထဲကို လာတွေ့ကြတယ် ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြမှတ်စုလေးတွေရေးကြ တယ်..။ ပြီးတော့ သူလုပ်ခဲ့တာမှန်ကန်ကြောင်း၊သူတို့လေးတွေလည်းအချစ်ကို ယုံကြကြောင်း အားပေးထောက်ခံကြတယ်..။အဲ့ဒီ့ထဲမှာ ထောင်မှုးကြီးသမီးလဲပါတာပေါ့..။ ထောင်မှုးကြီး ကခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေအများကြီးပြောတယ်.။ အားပေးစကားတွေပြောတယ်.. နောက် သူသေခါနီးမှာ သူမရဲ့ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့ "Love fromyour Valentine." ဆိုတဲ့ မှတ်စုတိုလေး တစ်စောင်ထိုအမျိုးသမီးတွက်ရေးထားခဲ့တယ်..။အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ်..အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့်"" . . Valentine's Day . . "" ဆိုတာ ပေါ်ပေါက်လာခဲ့တယ်..။American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရတစ်ကမ္ဘာလုံးမှာ တစ်နှစ်ကိုသန်းတစ်ထောင်သော Valentines တွေပို့ကြတယ်..။ Christmasလက်ဆောင်ပြီးရင်တော့ ဒုတိယအများဆုံးပေါ့..။ အဲဒီ့ထဲမှာ အမျိုးသမီးတွေကဝယ်ကြတာ ၈၄ ရာခိုင်နှုန်းလောက်ပါတဲ့...။
အိုင်တီချစ်ဦး
No comments:
Post a Comment