3G iPhone လို့ ခေါ်ကြတဲ့ မကြာသေးမီကမှ ထုတ်ဝေလိုက်တဲ့ iPhone ဟာ မူလပထမ iPhone နည်းတူ Unlock လုပ်ထားပြီးရင်3G Support လုပ်သော မည်သည့် SIM Card နဲ့ မဆို သုံးလို့ ရပါတယ်။ iPhone ရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို စာရင်းလုပ်ပေးထားပါတယ်။ တတ်သိနားလည်သူများ ထပ်မံဖြည့်စွက် အကြံပေးနိုင်ပါတယ်။
အားသာချက်များ
Touch Screen ဖြစ်ခြင်း- Apple product တွေရဲ့ ထုံးစံအတိုင်း သုံးစွဲရလွဲကူခြင်း- Multi Touch Techonology ကို အသုံးပြုထားခြင်း ( ဓာတ်ပုံများကို လက်ချောင်း နှစ်ချောင်းဖြင့် ချုံ့နိုင် ချဲ့နိုင်ခြင်း)- iPod တွဲလျက် ပါလာခြင်း- iTunes မှ သီချင်းများ နားထောင်နိုင်ခြင်း- Pod Cast များကို စိတ်ကြိုက် ရွေးချယ် ထည့်သွင်းနိုင်ခြင်း ( ဥပမာ- iTunes U မှ Lecture များ၊ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ၊ Pod Cast ရေဒီယို အစီအစဉ်များ စသဖြင့်)- Wi-Fi အသုံးပြုနိုင်သဖြင့် Wireless Hot Spot ရှိသည့် မည်သည့်နေရာတွင် မဆို အင်တာနက် အသုံးပြုနိုင်ခြင်း- Jailbreak လုပ်ပြီး သုံးစွဲပါက အခြားသော အသုံးဝင်သည့် application များကို အခမဲ့ Install လုပ်နိုင်ခြင်း (ဥပမာ - Dictionary, eBook Reader, RSS Reader, S'pore Bus Guide, YouTube Video များ Download လုပ်နိုင်သည့် MxTube)- Google Map ဖြင့် နေရာ ဒေသများ ကြည့်နိုင်ခြင်း ( 3G iPhone ကို အသုံးပြုပါက မိမိရောက်နေသည့် နေရာကို GPS မှ တဆင့် ကြည့်နိုင်ခြင်း)- You Tube မှ ဗီဒီယိုများအား ကြည့်နိုင်ခြင်း- Theme ပြောင်းနိုင်ခြင်း (မူလထက် ပိုမို ကောင်းမွန်သည့် Theme များ ပြောင်းလဲပြီး မိမိ စိတ်ကြိုက် Customized လုပ်နိုင်ခြင်း)- Video Call ပြုလုပ်နိုင်ခြင်း (3G iPhone အတွက်သာ)- Gtalk ဖြင့် Chat နိုင်ခြင်း ( Fring ဟု ခေါ်သည့် ဆော့ဝဲလ်ကို သီးခြား သွင်းရန် လိုသည်)- Apple App Store မှ လိုချင်သည့် Application များကို ၀ယ်ယူ ထည့်သွင်းနိုင်ခြင်း သို့မဟုတ် အခမဲ့ သွင်းနိုင်ခြင်း ( version 2.0 အသုံးပြုသည့် iPhone အတွက်သာ)
အားနည်းချက်များ
2.5G EDGE Technology ကို အသုံးပြုထားသဖြင့် GPRS Network များတွင် အင်တာနက် အသုံးပြုပါက အလွန် နှေးကွေးခြင်း ( 3G iPhone ကို အသုံးပြုလျှင်တော့ Wi-Fi Speed နီးပါး အင်တာနက်ကို လျင်မြန်စွာ သုံးနိုင်သည်)- 2 mega pixel ကင်မရာသာ ပါခြင်း- ကင်မရာတွင် Zoom မပါခြင်း ( Zoom ပါသည့် ဆော့ဝဲလ်ကို သီးခြား သွင်းရန်လိုသည်)- ရေဒီယို နားထောင်၍ မရခြင်း- ဗီဒီယို ရိုက်ကူး၍ မရခြင်း ( Video ရိုက်နိုင်သည့် ဆော့ဝဲလ်ကို သီးခြား သွင်းရန်လိုသည်)- အီးမေးလ်များကို ဖျက်လိုလျှင် တစ်ခုစီ ဖျက်နေရခြင်း- Zawgyi Font Support မလုပ်သဖြင့် ဇော်ဂျီဖြင့် ရေးထားသည့် အင်တာနက်စာမျက်နှာများ၊ ဘလော့များကို ဖတ်လျှင် လေးထောင့်စာလုံးများသာ မြင်နေရခြင်းကဗျာဆရာနဲ့ စကားစမြည်ရင်ဘတ်ထဲမှာက
No comments:
Post a Comment