ကျွန်တော်တို့ Andriod Facebook User တော်တော်များ ဖြစ်တတ်ပါတယ်..Facebook Photo တွေ Saveမရတာ.နောက် ဗွီဒီယိုဖိုင်တွေကို ဒေါင်းမရတာ..ခဏခဏ ကြုံပါတယ်.. အရင်ရှိပြီးသား Facebook downloader တွေကလည်း အလုပ်မလုပ်တော့တာ Update ကျသွားတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်
နောက်တစ်ခုက facebook latest version တွေကို ပြောင်းပြီး Install လုပ်လိုက်တာကြောင့်လည်း မူလ downloader ဒါတွေက အလုပ်မလုပ်တာတွေလည်း ရှိပါတယ်.. အမျိုးမျိုးပါပဲ..ဒါက ကျွန်တော် ကြုံတွေရတာလေးတွေပါ..မိတ်ဆွေများလည်း ကြုံခဲ့မယ်ဆိုရင် သုံးလို့ အဆင်ပြေမယ့် Downloader လေးကို ပြန်လည် မျှဝေပါတယ်.. အသုံးလိုမယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ လင့်ခ်မှ
ဝင်ရောက်အသုံးပြုနိုင်ပါတယ်..
Download - Download
သက်ဆိုင်သူများ Credit ပေးပါတယ်။
Wednesday, June 24, 2015
Facebook က ဗွီဒီယိုတွေ ဒေါင်းလုတ် လုပ်လို့မရတော့ဘူးဆိုရင်..
မိမိဆီကို မဆက်သွယ်စေချင်တဲ့ ဖုန်းတွေကို Block လုပ်ပစ်မယ့် Ordblocker( အော်ရီဒူးဖုန်းများကို ရည်ရွယ်ရေးသားသည်)
ဖုန်းတွေကလည်း ဘယ်ကမှန်းမသိ အကြောင်းမရှိအကြောင်းရှာ.. တစ်ချိန်လုံး ဆက်နေကြတာ
စိတ်ညစ်လိုက်တာလို့ ညည်းငြုပြီး အော်နေကြတဲ့ သူငယ်ချင်းတွေအတွက်ပါ..အထူးသဖြင့် အော်ရီဒူး ဖုန်းတွေနဲ့ ဆက်လာတာကို အဓိကထား block ပေးမှာဖြစ်ပါတယ်....ဒါလေးကလည်း ညီမငယ်တစ်ယောက် အကူအညီလေးတောင်းတာနဲ့ post ဖြစ် တင်ဖြစ်သွားတာပါ..။
ဆော့ဝဲလ်အသုံးပြုနိုင်အောင် ရေးသားပေးတဲ့ မျိုးချစ်လူငယ်တစ်စုအားလည်း အထူးကျေးဇူးတင်ပါတယ်လို့
ဒီ ပို့စ်မှ ပြောကြားလိုပါတယ်..
Download - Download
သက်ဆိုင်သူများ Credit ပေးပါတယ်။
gtalk မှာကိုယ့်အကောင့် ကွန်ပြူတာမှာ လုံးဝမကျန်အောင
gtalk ပြောပြီးရင် ၀င်းဒိုးမှာ မိမိ နာမည်မကျန်အောင်လူတိုင်းလုပ်တတ်ကြမှာပါ။
ဒါပေမဲ့ ကွန်ပြူတာမှာ မှတ်ထားတာကို ဖယ်ရှားပေးစေချင်ပါတယ် ။
အခိုးမခံရအောင် အောက်ကနည်းအတိုင်း ဖယ်ရှားပေးခဲ့ပါ။
***win+R ကိုနှိပ်ပါ
ပေါ်လာမဲ့ ဘောက်ထဲမှာ regedit ကိုရိုက်ထည့်လိုက်ပါ ။ပြီးလျှင် Enter ခေါက်ပါ။
ပြီးလျှင် H kyi လေးကိုတချက်ခြင်းနှိပ်သွားပါ။
HKY_CURRENT_USER ထဲမှ sotlware ထဲမှ Google ထဲမှ Google talk ထဲမှ
Accounts ဆိုဒါကိုဝင်လိုက်ပါ =ညာဘက်မှာ -၀- ဆိုဒါကိုတွေ့ပါမယ်
အဲဒါကို double click နှိပ်ပါ အဲဒီမှာ စတွေ့ပါတယ်။
+ Accounts ဆိုတာဝင်ခဲ့တဲ့နေရာက + လေးကိုနှိပ်ပါ အဲဒီမှာ ကိုဝင်ထားတဲ့ယူဆာကိုတွေ့ပါမယ်။
ကိုယ့်နာမည်ပေါ် ကလစ်ထောက်ပြီး ရိုက်လစ် +delete နဲ့ဖျက်လိုက်ပါ လုံခြုံသွားပါပြီ။။။။။။။။
သက်ဆိုင်သူများ credit ပေးပါတယ်။
Gtalk မှာ မြန်မာလိုရေးလို့ရပြီး ဖတ်လို့မရဘဲ အတုံးလေးတွေဖြစ်နေရင်....
ဒီနည်းလေးကတော့ Gtalk မှာ မြန်မာလိုရေးလို့ရပြီး ဖတ်လို့မရဘဲ အတုံးလေးတွေ ဖြစ်နေခဲ့ရင် ဖတ်လို့ရအောင် လုပ်တဲ့နည်းလေးပါ...
မသိသေးတဲ့ သူငယ်ချင်းများအတွက်ပါနော်...
အရင်ဦးဆုံး Start >> control Panel ကိုသွားလိုက်ပါ။
ပြီးရင် Network and Internet ကို Click နှိပ်ပါ။
အဲမှာ network and sharing center ကိုရွေးလိုက်ပါ။
နောက်ထပ် internet options ကို Click လိုက်ပါ။
Internet Option Box လေးကျလာခဲ့ရင် Font ဆိုတဲ့နေရာလေးမှာ Zawgyi-one ဆိုတာလေးကို ရွေးချယ်ပြောင်းပေးလိုက်ပါ။
ပြီးရင် Apply >> OK ကိုနှိပ်ပေးလိုက်ပါ။
အဆင်ပြေပါစေနော်....
သက်ဆိုင်သူများ Credit ပေးပါတယ်။
Sunday, June 21, 2015
ကဲ Android Version M အကြောင်းပါ/ Android M မှာ ဘာတွေပါလ
Android M မှာ ဘာတွေပါလဲ
mobile knowledge
Google ရဲ့ Google Developer conference 2015 မှာ Google က Android version အသစ် “M” ကို developer preview အနေနဲ့ မိတ်ဆက်ပြသခဲ့ပြီးဖြစ်ပါတယ် ။ Developer preview version ဆိုတဲ့ အတွက် Developer တွေကို သူတို့ application တွေနဲ့ ကိုက်ညီအောင်ပြုလုပ်နိုင်ဖို့ ထုတ်ပေးတဲ့ versionပါပဲ။ normal user အတွက်တော့မဟုတ်သေးပါဘူး ။ အရင်နှစ်တုန်းကလဲ Android L ဆိုပြီး developer version အရင်ထုတ်ခဲ့ပြီးမှ user တွေလက်ထဲကို Lollipop Android 5.0 ဆိုတဲ့ အမည် နဲ့ နိုဝင်ဘာလောက်မှာ ဖြန့်ချီပေးခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့ တွေလက်ထဲကို ဒီ Android version အသစ် “M” ဟာ နိုဝင်ဘာလောက်မှာ ရလောက်မယ်ထင်ပါတယ် ။ Google ဟာ သူ့ရဲ့ Android version တွေကို English symbol တွေ အစဉ် အတိုင်း ပေးတက်တာသတိထားမိမှာပါ ။ အရင် နှစ်က L developer version ဟာ တကယ် လက်ထဲဖြန့်ချီပေးလိုက်တဲ့ အခါ Lollipop ဆိုတဲ့ အမည်နဲ့ ဖြန့်ချိခဲ့ပါတယ် ဒီနှစ် version အသစ် “M” ကကော ဘာအမည် ဖြစ်နိုင်မလဲ ?? Milkshake , Mango , စသဖြင့် စားစရာတစ်မျိုးမျိုးရဲ့ အမည်ဖြစ်မယ်ထင်တယ် ။
ခု ထုတ်လုပ်လိုက်တဲ့ Android M developer preview ဟာ developer တွေအတွက်ပဲ မို့လို့လားမသိဘူးဗျ ။ Android developer တွေအတွက်ပဲ အသုံးဝင်တဲ့ feature တွေကို မနေ့က ပွဲမှာ အဓိက ပြသသွားပါတယ် ။ Android M မှာဘာ feature တွေပါလဲဆိုတော့။
App permissions
———————-
ကျွန်တော်တို့ ဟာဖုန်းမှာ application တစ်ခုကို Google Play ကနေ ဒေါင်းပြီး install လုပ်လိုက်ရင် ဒီ app က ကျွန်တော်တို့ ဖုန်းရဲ့ data တွေ ဘာ resource တွေကို ယူသုံးမယ်ဆိုပြီး permission တောင်းတာသတိထားမိလားဗျ ။ ကျွန်တော်ကတော့ အဒီ့လို တောင်းတဲ့ အချက်တွေကို သေချာတောင် မဖတ်ပါဘူးဗျာ ။ install လုပ်ချင်နေတာနဲ့ OK ဆိုပြီ: နှိပ်နှိပ်ပေးလိုက်တာပဲ ။ အမှန်က အဲ့ဒီ့ အချက်က မကောင်းဘူးဗျ ။ မကောင်းတဲ့ App တစ်ခု (Eg virus app ) က App နဲ့ ဘာမှ မဆိုင်တဲ့ resource data တစ်ခု (ဥပမာ photo gallery service ) လိုမျိုး ယူသုံးမယ်ဆိုပြီး အဲ့ဒီ့ pageမှာရေးထားလဲ ကျွန်တော်တို့ကသေချာမဖတ်မိပဲ ok နှိပ်ပြီး install လုပ်လိုက်တော့ အဲ့ဒီ့ app က ကျွန်နော်တို့ရဲ့ ပုံတွေကို ဝင်ယူပြီး လုပ်ချင်ရာလုပ်ခွင့်ရသွားရော ။ ကျွန်တော်တို့ကလဲ မဖတ်ဘူးဆိုတာက install လုပ်လို့ အဲ့ဒီ့ permission page မှာ permission တောင်းတဲ့ ဟာတွေ ရေးထားတာတွေက အများကြီးဆိုတော့ ပျင်းတာနဲ့ ဖတ်ကြည့်မနေတော့ဘူး ။ ok နှိပ်ပြီး တန်း install လုပ်လိုက်တာပေါ့ ။ user တွေရဲ့ အဲ့ဒီ့ စိတ်ကို နားလည်တဲ့အတွက် ပိုပြီး လွယ်ကူတဲ့ resource တွေကိုပိုပြီး control လုပ်ဖို့လွယ်ကူတဲ့ permission ပေးတဲ့ စနစ်ကို Android M မှာ ထည့်သွင်းလိုက်ပါတယ် ။ ဘယ်လိုပုံစံမျိုးလဲဆိုတော့ App တွေကို install လုပ်ရင် အရင်လိုမတောင်းတော့ပါဘူး ။ ဘယ်အချိန်ကြမှ တောင်းမလဲဆိုတော့ အဲ့ဒီ့ application ကို ပထမဆုံး စသုံးတဲ့ အချိန်ကျမှ လိုအပ်တဲ့resource permission တွေကိုတောင်းတော့မဲ့ ပုံစံမျိုး ပြောင်းလဲလိုက်ပါတယ်။ ဥပမာ .. ကျွန်တော် Viber app ကို install လုပ်လိုက်တယ်ဆိုပါ တော့။ ပထမဆုံး စသုံးတဲ့အချိန်မှာ ကျွန်တော့် သူငယ်ချင်း တစ်ယောက်စီကို ကျွန်တော့်ဖုန်းထဲက ပုံတစ်ပုံကို လှန်းပို့မယ်ဆိုပြီ: Viber မှာပါတဲ့ ဓာတ်ပုံ ပို့တဲ့ button ကိုနှိပ်လိုက်ရင် popup box တစ်ခုပေါ်လာပြီ: permission လာတောင်းပါလိမ့်မယ် ။ ဘယ်လိုလဲဆိုတော့ Viber application ကို ကျွန်တော့် ဖုန်းရဲ့ Gallery service ကိုထိခွင့်ပေးမှာလားဆိုပြီ:တော့ ။ ကျွန်တော်က ခွင့်ပြုမယ် ဆိုပြီ နှိပ်လိုက်မှ Viber app က ကျွန်နော့်ရဲ့ Gallery ထဲက ပုံတွေကို လှန်း access လုပ်လို့ရသွားပါမယ်။ တကယ်လို့ ခွင့်မပြုဘူးဆိုရင် က ကျွန်တော့်ဖုန်းထဲမှာ ရှိတဲ့ ဓာတ်ပုံတွေကို ဝင်ထိခွင့်မရှိတော့ပါဘူး . ခုလို ပြောင်းလဲလိုက်တဲ့ အတွက် user တွေအနေနဲ့ ကိုယ့်ဖုန်းရဲ့ ဘယ် resource တွေ ဘယ် data တွေကို App က ဘာကြောင့် ယူသုံးမယ် ဆိုတာ သိရတဲ့ အတွက် ကိုယ့်ရဲ့ data တွေကို ပိုပြီ: control လုပ်ခွင့်ရှိသွားစေပါတယ်…. မကောင်းတဲ့ App ( Eg malware , virus app) တွေဘာတွေ သွင်းလိုက်မိလို့ ကိုယ့် ဖုန်းထဲက data တွေကို ကိုယ်မသိပဲ အသလွတ် ယူသုံးနေတယ်ဆိုတဲ့ မျိုးတွေလဲ မရှိတော့ဘူးပေါ့ဗျာ ။ ဖုန်းရဲ့ Main Setting ထဲမှာလဲ app တစ်ခုချင်းစီအတွက် permission ပေးတဲ့ Setting ပါဝင်လာမယ်လို့သိရပါတယ် ။ ဥပမာ Viber အတွက်ဆို Viber က ဘယ် resource တွေယူသုံးခွင့်ရှိတယ် ဘယ်ဟာတွေကို မသုံးနဲ့ဆိုပြီ: control လုပ်လို့ရတဲ့ setting ပါ ။ ဒါဟာ user တွေအတွက် Android M မှာပါဝင်လာမဲ့ အသုံးဝင်တဲ့ feature တစ်ခုပါပဲ။
Power & charging
————————-
Android M မှာ phone တွေရဲ့ battery ကို ပိုပြီး အသုံးခံစေမဲ့ Doze ဆိုတဲ့ feature ကိုမိတ်ဆက်ပေးခဲ့ပါတယ် .. Doze ဆိုတာ မှာ နောက်ကွယ်ကနေ run နေပေးမဲ့ service feature တစ်ခုပါပဲ ။ သူက ကျွန်နော်တို့ phone တွေ screen off ထားတဲ့ အချိန် ဒါမှမဟုတ် မသုံးပဲ ညအိပ်ရာဝင်နေတဲ့ အချိန်မှာ နောက်ကွယ်မှာ နေတဲ့ service တွေ background service တွေ ကို ချိန်ညှိပေးမဲ့ feature ပါ ။ ဘယ်လို မျိုးဟာမျိုးလဲဆိုတော့ ညအိပ်ရာဝင် တဲ့အချိန်မှာ ဖုန်းမှာ ရှိတဲ့ data sync process တွေ သိပ်အလုပ်မလုပ်စေပဲနဲ့ sync တဲ့ အခေါက်ရည်ကို လျှော့ချလိုက်တယ်လို့ဆိုပါတယ် ။ အဲ့ဒီ့အတွက် CPU ပေါ်မှာ အလုပ်လုပ်တဲ့ ပမဏလဲ လျော့သွားပြီ: battery အားကုန်တာကို သက်သာစေပါတယ် ။Google ရဲ့ စမ်းသပ်ချက်အရ Android M သွင်းထားတဲ့ device က Lollipop version သွင်းထားတဲ့ device ထက် battery standby time ကို ၂ ဆ ပိုခံစေတယ်လို့ဆိုပါတယ်။
နောက်တစ်ချက်က Android M မှာ USB Type C ကို support လုပ်ပြီလို့ဆိုပါတယ် ။ ကျွန်နော်တို့ လက်ရှိ သုံးနေတဲ့ USB ပလပ်ခေါင်းလေးတွေရဲ့ version က Type B ပါ ။ USB Type C က Type B ထက် data transfer speed ပိုမြန်ပြီ:တော့ အားသွင်းတဲ့ process ကိုလဲပိုမြန်စေမယ်လို့ဆိုပါတယ် ။ အကြီးဆုံးအားသာချက်က USB Type C က ပလက်ပေါက်ကို ဘယ်လို တပ်တပ် တပ်လို့ရအောင်ပြုလုပ်ထားတာပါ ။ ကျွန်နော်တို့လက်ရှိ ဖုန်းတွေမှာသုံးတဲ့ USB ပလက်ခေါင်း တွေက အပေါ်အောက် မှားတပ်လို့မရဘူးလေ။ ဒီကောင်ကတော့ ဘယ်လိုတပ်တပ် ပလက်ခေါင်းပုံစံကို အတူတူလုပ်ထားတဲ့ အတွက် ဘယ်လိုတပ်တပ် ပလပ်ပေါက်နဲ့ ဖြစ်သွားပါတယ်။
Fingerprint sensors
————————-
Finger_Print ပါတဲ့ ဖုန်းတွေ ခေတ်စားလာတာကြာပါပြီ ။ ခု Google က ဒီ Android M မှာ ထဲမှာပဲ fingerprint sensor နည်းပညာကိုထည့်ပေးလိုက်တာပါ။ အဲ့ဒီ့အတွက် ဖုန်းထုတ်လုပ်တဲ့ company တွေက fingerprint နည်းပညာအတွက် သက်သတ် ထပ်တည်ထွင်နေစရာမလိုတော့ပဲ ဒီ Android OS မှာပါတဲ့ နည်းပညာကို ခေါ်သုံးလိုက်ရုံပါပဲ ။ ခုလက်ရှိ phone တွေမှာဆိုရင် Samsung , HTC တို့ Huiwei တို့ မှာပဲ ပါနေသေးတာပါ ။ သူတို့ တောင် သူတို့ဖုန်းတွေမှာ ထည့်သွင်းနိုင်ဖို့ ၂ နှစ် လောက်အချိန်ယူပြီ: တီထွင်ခဲ့ရတာပါ ။ ခု Android OS မှာကိုက default ပါတဲ့ အတွက် ကျန်တဲ့ ဖုန်းထုတ်လုပ်တဲ့ company တွေအတွက်လွယ်လွယ်ကူကူ ဒီ feature ကိုထည့်သွင်းလာတော့မှာပါ။
Custom Chrome tabs
——————————–
ဒါကတော့ Application Developer တွေအတွက်ပါ ။ ဘယ်လိုမျိုး လဲဆိုတော့ ပုံမှန်သုံးတဲ့ app တွေထဲကနေ website link တစ်ခုကို နှိပ်လိုက်တဲ့အခါမှာ မူရင်း app ထဲကနေမထွက်ပဲ application ထဲမှာပဲ website ကိုကြည့်လို့ရမဲ့ feature ပါ ။ ခုလက်ရှိ app တွေ … ဥပမာ viber ပေါ့ ။ viber message ထဲကနေ ကျွန်နော်က website link တစ်ခု နှိပ်လိုက်ရင် viber app ကနေထွက်သွားပြီးတော့ Chrome browser ဒါမှ မဟုတ် တစ်ခြား browser တစ်ခုပွင့်ပြီ: အဲ့ဒီ့ website ကိုကြည့်ရတယ် ။ viber app က screen ပေါ်မှာ မရှိတော့ဘူးပေါ့ ။ ဒီ custom chrome tab feature ကိုသာ viber မှာသုံးထားရင် viber message ထဲကနေ website link နှိပ်လိုက်ရင် viber ထဲမှာပဲ website ကိုကြည့်လို့ရမဲ့ feature ပါပဲ ။ သတ်သတ် browser app တစ်ခု ထပ်ဖွင့်စရာမလိုတော့ပါဘူး ။ တစ်ခုတော့ ရှိတယ် Application developer တွေကသူ့တို့ရဲ့ Application တွေမှာ ဒီcustom chrome tab feature ကိုခေါ်သုံးပေးထားမှ သုံးလို့ရပါမယ် ။
App links
—————-
ဒါ ကတော့ ကျွန်နော်တို့ app တစ်ခုခုထဲကနေ website link တစ်ခုကို နှိပ်လိုက်လို့ အဲ့ဒီ့ website နဲ့ ဆိုင်တဲ့ app ကဖုန်းမှာ သွင်းထားရင် website ကို မဖွင့်တော့ပဲ application ကိုတန်းဖွင့်တဲ့ feature ပါ…. ဥပမာ .. Viber ထဲကနေ သူငယ်ချင်းတစ်ယောက်က Facebook ပေါ်က hot နေတဲ့ Cele တစ်ယောက်ရဲ့ profile page link ကို message ကနေ လှန်းပေးလိုက်တယ်ဆိုပါစို့ ။ ကျွန်တော့် အဲ့ဒီ့ profile page link ကိုနှိပ်လိုက်ရင် browser ပေါ်မှာ Facebook website ပွင့်လာမဲ့ အစား phone က Facebook app တန်းပွင့်လာပါလိမ့်မယ် ။ တစ်ခါတစ်လေ ကျွန်နော်တို့ ဒီ့ group comment တွေထဲကနေ application download link တွေတောင်းလို့ Google Play store link ကိုပေးကြတယ်လေ အဲ့ဒီ့ Google Play store link ကို နှိပ်လိုက်ရင် အရင်ကလို popup box နဲ့ Browser နဲ့ ဖွင့်ချင်လား Play store app ကပဲဖွင့်ချင်လားမေးတော့မှာ မဟုတ်ပဲနဲ့ Google Play Store app ပဲ ဒါရိုက်တန်းပွင့်လာမှာဖြစ်ပါတယ် ။
Android Pay
——————
ဒါကတော့ US မှာပဲရအုံးမဲ့ feature တစ်ခုပါပဲ ။ ဖုန်းနဲ့ ငွေပေးချေတဲ့ service တစ်ခုပါ ။ အရင်က Google wallet ဆိုပြီး ရှိပေမဲ့ Google အပိုင်လို ဖြစ်နေတဲ့ ဒီ service ကို Android OS ထဲမှာထဲ့ထားပြီ: အကုန်လုံး ယူသုံးလို့ ရတဲ့ service အဖြစ် အသွင်ပြောင်းခဲ့သလို. အမည်ကိုလဲ Android Pay ဆိုပြီ:ပြောင်းလိုက်တာဖြစ်မယ်ထင်တယ် ။ သူ့ရဲ့ နည်းလမ်းကတော့ ကိုယ့်ရဲ့ Visa card , Master card တို့ ကို ဖုန်းထဲမှာ virtual ID တစ်ခုနဲ့ သိမ်းထားပြီ:တော့ ရတဲ့ NFC card reader တွေရှိတဲ့ ဆိုင်တွေမှာ ဖုန်းနဲ့ တစ်ချက်လောက်ထိပြီး ငွေပေးချေတဲ့ စနစ်ပါ ။ အရင်ကရှိခဲ့တဲ့ Google walletနဲ့ တော့ ဘာကွာလဲ တော့သေချာမသိသေးပါဘူး ကျွန်နော်ကတော့ လက်ရှိ ငွေပေးချေတဲ့ တွေထဲမှာ Samsung Pay က အကောင်းဆုံးလို့ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ ဒီ Googleရဲ့ Android Pay ကော Apple ရဲ့ Apple Pay ကောက သူတို့ service တွေနဲ့ ချိတ်ထားတဲ့ client NFC card reader တွေ ဆိုင်တွေမှာရှိဖို့လိုပါတယ် ။ အဲ့ဒီ့ card reader တွေ ဆိုင်တိုင်းမှာလဲ မရှိနိုင်သေးပါဘူး ။ အဲ့ဒီ့တော့ မရှိတဲ့ ဆိုင်တွေမှာဆိုရင် ဒီ service ကိုသုံးလို့မရပါဘူး ။ Samsung Pay ကျတော့ NFC စနစ်နဲ့ လုပ်လို့ရတဲ့ အပြင် လက်ရှိ ဆိုင်တွေ တိုင်းနည်းပါးမှာသုံးနေတဲ့ Magnetic strip card reader တွေနဲ့ ပါ လုပ်ပြီ: ငွေချေလို့ရပါတယ် ။ အဲ့ဒီ့ အတွက် ဈေးဆိုင်တွေက card reader အသစ်မှ ထပ်တက်စရာမလိုတော့ ဆိုင်သမားတွေအတွက်က အကြိုက်ပါပဲ ။ ရင်းနီးမြုပ်နံရမဲ့ Bank တွေအနေနဲ့လဲ ဆိုင်တွေမှာလိုက်ပြီ: သူတို့ စနစ်သုံးဖို့လိုက်ပြီးmarketing ဆင်းစရာမလိုတော့ပါဘူး ။ လက်ရှိ စနစ်တွေနဲ့ OK တဲ့ Samsung Payကသာ အသုံးပိုများမဲ့ အနေအထားရှိပါတယ် ။
Google Now on Tap
—————————–
ဒါကတော့ Google ရဲ့ innovative အဖြစ်ဆုံး feature တစ်ခုလို့ တောင်ပြောလို့ရပါတယ် … Android M နဲ့ အတူပါလာမှာပါ ။ တစ်ခုတော့ ရှိတယ် ။ user Data / internet connection ပေါ်မှာမူတည်မှာ ဖြစ်တဲ့ အတွက် မြန်မာမှာတော့ သုံးလို့ရမရမသေချာပါဘူး ။ဘယ်လိုမျိုးလဲဆိုတော့ Google Now ကို ခုလက်ရှိ ဖုန်း user တော်တော်များများ သိကြမှာပါ။ “OK Google ” ဆိုတဲ့ keyword နဲ့ ခေါ်ပြီး ကိုယ်သိချင်တာ မေးလိုက်ရင် အဖြေတွေကို ပြန်ပေးတဲ့ service ပါပဲ ။ ကိုယ်လုပ်တက်တဲ့ အပြုအမူတွေတောင် သူကမှက်သားထားပြီ:တော့ တစ်ခါတစ်လေ ကိုယ်တောင် မမေးရသေးပဲနဲ့ လိုအပ်တဲ့ data information တွေကို ထုတ်ပြနိုင်တဲ့ service တစ်ခုပါပဲ …. ဥပမာ ကျွန်နော် မနက် ဆိုရင် ၈ နာရီလောက် အိမ်ကထွက်ပြီး ရုံးသွားတယ် ။ ဒါကိုသူက မှတ်ထားပြီ:တော့ မနက် ၈နာရီ မထိုးခင် မှာ ကျွန်နော့် ရုံးကို သွားတဲ့ bus car က ကျွန်နော့်ကို အိမ်နားက ကားဂိတ်ကို ဘယ် အချိန်ရောက်မယ်ဆိုတဲ့ message ကို auto ပြပေးသဗျ ။ အဲ့ ရုံးဆင်း ချိန်ဆိုလဲ သူ့ဘာသာ သူ အိမ်ကိုရောက်တဲ့ bus car ရဲ့ ကားချိန်တွေ notification နဲ့ လာပြသဗျ….. ပြီ:ရင် ကျွန်နော် ကြိုက်တတ်တဲ့ ဘောလုံးအသင်း အကြောင်းတွေ တွေကိုလဲ ကျွန်နော် Google မှာ တစ်ခါရှာ ဖူးရုံနဲ့ မှက်သားထားပြီ:တော့ အဲ့ဒီ့ အသင်းရဲ့ ပွဲချိန် တွေ ဒီနေ့ အဲ့ဒီ့ အသင်းပွဲရှိရင် ဘယ်အချိန်ကန်တော့မယ်ဆိုတဲ့ တွေ လာပြသဗျ ။ ပြောရရင် personal assistant တစ်ယောက်လို notification တွေတက်ပြီ: data information တွေကို ပြနေတယ်ဗျ ။ ဒါက ခုလက်ရှိ ဖုန်းတွေမှာပါတဲ့ Google ရဲ့ service ပါ ။ ခု Android M မှာပါတဲ့ Google Now ကတော့ တော်တော် အဆင့်မြင့်သွားပါပြီ ။ ဘယ်လိုလဲဆိုတော့ ကျွန်နော် Music application ဖွင့် သိချင်းနားထောင်နေရင်းနဲ့ ဒီ အဆိုတော်ရဲ့ မွေးနေ့ ဒါမှမဟုတ် သူ့ အကြောင်းတွေ သိချင်တယ်ဆိုပါစို့ ။ music application ကို မှာဖွင့်ထားနေရင်းနဲ့ အဆိုတော် အမည်တောင် မပြောပဲနဲ့ ဟေး ဒီ အဆိုတော်ရဲ့ မွေ:နေ့က ဘယ်လောက်လဲ ဆိုပြီ: မေးလိုက်တာနဲ့ က သူ့ဘာသာသူ မှာ လက်ရှိ ဖွင့်ထားတဲ့ သိချင်းရဲ့ အဆိုတော်ကို သိပြီ: အဲ့ဒီ့ အဆိုတော်ရဲ့ အကြောင်းတွေကို အောက်မှာပြ သဗျ ။ နောက်ထပ် ဥပမာတစ်ခုကတော့ ပိုပြီ:အဆန်းကြီးပဲဗျ ။ ကျွန်နော် နဲ့ ကျွန်နော့် သူငယ်ချင်း တစ်ယောက် viber chat နေတယ်ဆိုပါစို့ ။ သူက viber message ထဲကနေ ” ဟေ့ကောင် ဒီ အပတ် ရုပ်ရှင် သွားကြည့်ရအောင် ” ဆိုပြီး message ပို့လိုက်တယ်ဆိုပါစို့ ။ ကျွန်နော်က အဲ့ဒီ့ အချိန်မှာ ဒီ အပတ် ဘာရုပ်ရှင်တွေ တင်နေလဲ ကျွန်နော်မသိဘူးဗျ ။ အဲ့ဒါနဲ့ Viber app ကို ဖွင့်ထားရင်း chat လက်စတန်းလန်း နဲ့ phone home button ကို ဖိထားလိုက်ပြီ: Google Now ကိုခေါ်လိုက်တယ်။ အဲ့ဒီ့မှာ ကျွန်တော်လဲ ဘာမှ မမေးရသေးပဲနဲ့ ဒီ တစ်ပတ် ရုပ်ရှင် တွေ ဘယ်ရုံမှာ ဘာကားတွေ ပြနေတယ်ဆိုတာ auto လာပြနေတယ်ဗျ။ ဘယ်လောက်တောင် မိုက်သလဲဗျာ ။ဒီ Google Now က ကျွန်နော် ဘာရှာချင်သလဲ … ဘာသိချင်သလဲဆိုတာကို လက်ရှိ ဖွင့်ထားတဲ့ application (ဥပမာ viber ) ကနေ data ကို ယူပြီ:တော့ ကျွန်နော် တောင်မမေးရသေးဘူး အဲ့ဒီ့ အကြောင်းအရာနဲ့ ဆိုင်တဲ့ information ကို လာပြနေပြီ ။ ကျွန်တော့်ရဲ့ data information တွေကို သူက ဝင်ဖတ်နိုင်ပြီးတော့ ပြန်ပြီး respond ပြန်နိုင်တယ်ဆိုတဲ့ level ကို ရောက်လာတယ်ပေါ့ဗျာ ။ Science movie တွေမှာပါတဲ့ AI robot လိုမျိုးဖြစ်လာတဲ့သဘောပေါ့ ။
ဒါက Android version အသစ် “M” မှာပါတဲ့ new feature တွေပါပဲ ။ Android Lollipop မတူတဲ့ တစ်ခြား ပြောင်းလဲချက် 100 ကျော်တောင်ရှိသေးတယ်လို့ ဆိုပါတယ် ။ user တွေအတွက် အတည် version ထွက်လာရင် ဒီထက် ပိုမိုတဲ့feature တွေပါလာနိုင်ပါသေးတယ် ။ Android M developer preview version ကို Nexus ဖုန်းမှာ စတင်အသုံးပြုနိုင်နေပြီဖြစ်ပါတယ်