Thursday, June 18, 2015

Format Factory အသုံးပြုနည်း

(1)Audio File Format Changing(အသံဖိုင် ဖောမက် ပြောင်းခြင်း)

Device အချို့တွင်မဖတ်နိုင်သော အသံဖိုင် ဖောမက်(ဥပမာ..FLAC format,AAC format,WMA format တို့ မှ Device အများစုတွင် ဖတ်နိုင်သော အသံဖိုင် ဖောမက်(MP3 format) သို့ပြောင်းလဲခြင်း..... 

 



ပထမဦးစွာ format factory ကိုဖွင့်ပါ။ထို့နောက်အထက်ပုံပါ အတိုင်း မိမိ ပြောင်းလိုသော အသံ file တစ်ခု(ဥပမာ.. သီချင်း) ကို ပုံတွင်ပြထားသော နေရာထဲသို့ Mouse တွင်ရှိသော left click(ဘယ်ဘက်ကလစ်)ကို ဖိပြီး ဆွဲထည့်ပါ။




အထက်ဖော်ပြပါပုံထဲကအတိုင်း................................
အသံFile တစ်ခုဆွဲထည့်ပြီးလျှင် Format Choosing Box လေး ကျလာမည်။
All to mp3 ဆိုတဲ့ စာသားကို ရွေးပေးရမည်။
 



အထက်ပါပုံတွင်ပြထားသည့်အတိုင်း Format Choosing Box လေးရဲ့ ညာဘက်အောက် နားလောက် မှာ ရှိတဲ့ Setting(audio setting) ထဲကိုဝင်လိုက်ပါ။



နောက်တော့ Audio setting box လေးကျလာမည်။ အဲ့ဒီ့ box လေးပေါ် မှာတခြား အဆင့်တွေ မလုပ်ခင် ...................အထက်ပုံပါအတိုင်း
အပေါ်ဆုံးမှာရှိတဲ့ MP3 format quality ပြင်ပေးရမည်။ High quality ကိုရွေးပေးပါ။




ပြီးတော့ အထက်ပါပုံမှာ ပါတဲ့အတိုင်းပဲ... sample rate ကိုရွေးပေးရမယ်။
sample rate ရွေးတဲ့အခါ မှာ....44100 သို့မဟုတ် 22050 လောက်ကိုရွေးပေးရမယ်။
Device အပေါ် မူတည်တာပေါ့လေ....
Device ကအသံထွက်အရည်အသွေး(sound system)ကောင်းရင် 44100ကိုရွေးပေး။
ခုနောက်ပိုင်းလည်း sample rate 44100 လက်ခံ နိုင်တဲ့ deviceတွေပဲ ထုတ်ပါတော့တယ်။(၂၀၀၀ ခုနှစ်လောက်က စပြီး တော့ ပေါ့။)
sample rate အနိမ့်ဆုံးဖြစ်တဲ့..11025 ကို တော့ ရွေး မနေ ပါ နဲ့။
မကောင်းပါဘူး။vocal သံတွေကော .. instrumentအသံတွေကော စုတ်ချာ(very bad)သွားပါလိမ့်မယ်။




sample rate ရွေးပြီတာနဲ့ .. Bitrate choosing လုပ်ငန်းကို အပေါ် ပုံမှာ ပါတဲ့ အတိုင်း လုပ်ရဦးမယ်။
bitrate ဆိုတာ audio file(eg.song)တစ်ခု အတွင်းထဲမှာပါတဲ့ mini data ကူးပြောင်းနှုန်းပါပဲ။
နားလည်အောင်ရှင်းပြ ရမယ်ဆိုရင်.... သီချင်းတစ်ပုဒ်ဖွင့်ဖို့အတွက်...Media Player တစ်ခုလိုတယ်။
သီချင်းစဖွင့်ပြီဆိုတာနဲ့အဲ့ဒီ့ သီချင်းထဲက ..mini data တွေကို Media Player ထဲမှာ ယာယီသိမ်းဆည်း ဖို့လိုတယ်။ data သိမ်းဆည်းဖို့အတွက်..အရင်ကူးယူ ရမယ်။ပြီးမှ သိမ်းဆည်းရမယ်။
သိမ်းဆည်းဖို့အတွက် ကူးယူနှုန်းကို Bitrate(ဘစ်(တ်) ရိတ်) လို့ခေါ်တယ်။ Bitrate ကလည်း sample rate နည်းတူစွာပဲ ... Device ကောင်းရင်ကောင်းသလို ပုံမှန်ဖြစ်ရင်ပုံမှန်ဖြစ်သလို မြှင့်ပေး နိမ့်ပေးရတယ်။
အနည်းဆုံးကို တော့ Bitrate 128 KB/s ထားပါ။




bitrate တို့ sample rate တို့ပြောင်းပြီး တာနဲ့... Audio Channel ကို ပြောင်းပေး။ 2 stereo လို့ အထက်ဖော် ပြပါ ပုံ အတိုင်းပြောင်းပေးပါ။ 1 mono   ပြောင်းလို့ လဲ ရပါတယ်။ ဒါပေမဲ့ အဲ့ဒါက speaker တစ်လုံးတည်းပါတဲ့ device မှ ပြောင်းရမှာပါ။ တတ်နိုင်ရင် 1mono ကို မသုံးပါနဲ့။ ဘာကြောင့်လဲဆိုတော့
မိမိရဲ့deviceက speaker တစ်လုံးတည်းပါလို့  1mono သုံးပေမဲ့... မိမိက headphone သို့မဟုတ် earphone နဲ့ နားထောင်ချင်တဲ့အခါ ...headphone သို့မဟုတ် earphone ရဲ့left(ဘယ်ဘက်) သို့မဟုတ် right(ညာဘက်) တစ်ဖက်ဖက် က အသံမလာတော့ဘူး .....vocal သံသို့မဟုတ်.. instrument အသံ ကို မကြားရတော့ ဘူး။




rate တွေ audio channel တွေပြောင်းပြီးနောက် ပိုင်းမှာ ... volume control ကိုရွေးချယ်ချင်ရင်လည်း
ရွေးချယ်လို့ ရပါသေးတယ်။ ဒါကဒီလိုအခြေအနေမှရွေးချယ်ပါ။ပုံမှန်က တော့ 100%ပါ။
ကိုယ့် speaker က noise reduction စနစ်ပါတဲ့အခါမျိုးမှာ ..ထိုအသံဖိုင်ကို
နားထောင်တဲ့ အခါမှာ အသံတိုးတတ်ပါတယ်။ အသံ ကျယ်ကျယ် ကြားခြင်ရင်...အထက်ပုံမှာပါတဲ့အတိုင်း
volume control ကို 100% ထက်ပိုတဲ့ ...တဲ့ ရာခိုင်နှုန်းကိုရွေးပေးရပါမယ်။ 150% ဆိုကောင်းလောက်ပါလိမ့်မယ်။




Bitrate တွေ Sample rate တွေ audio channel တွေ volume control တွေ change ပြီးတဲ့အခါမှာ
အထက်ဖော်ပြပါ ပုံအတိုင်း audio setting box မှာရှိတဲ့ OK ကို နှိပ်ပါ။








audio setting ပြင်ဆင်ခြင်းပြီးတာနဲ့ Format Factory Output Address ကို change ချင်ရင် change လို့ရ ပါ တယ်။Format Factory Output Address ဆိုတာ က မိမိ ပြောင်းလဲချင်တဲ့ media file တစ်ခု ကို format ပြောင်းလဲပေးပြီးတာနဲ့ အဲ့ဒီ့format ပြောင်းပြီးသား media fileကိုအလိုအလျောက်(automatic) 
 နေရာချပေးတာပါပဲ။ဒီနည်းကို အထက်ဖော်ပြပါ ပုံ နှစ်ပုံ နဲ့ပဲ ဖော်ပြလိုက်ပါတယ်။




ပြီးလျှင် အထက်ဖော်ပြပါ Format Factory ရဲ့ အပေါ်နားလောက် မှာ ရှိတဲ့ start button ကိုနှိပ်ပါ။




အထက်ဖော်ပြပါ ပုံအတိုင်း ... MP3 format ပြောင်းတဲ့တာဝန်ပြီးသွားလျှင်... output folder ကိုနှိပ်၍ မိမိလိုချင်သော အရည်အသွေး ပြည့်မှီသော mp3 audio file လေးကို စိတ်ချမ်းမြေ့စွာ ဖွင့်ကြည့်နိုင်ပါပြီ။

No comments:

Post a Comment