လက်ရှိအချိန်မှာတော့ Android Device တွေဟာဆိုရင် အရေအတွက်အားဖြင့် အလွန်ကို မြင့်တက်လာတဲ့အနေအထားမှာရှိနေပါတယ်။
တန်ဖိုးအားဖြင့်လည်းသင့်တင့်လာပြီးရွေးချယ်စရာ Brand အမျိုးအစားများပြားလာခြင်းဟာလည်း Android ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ Android Device အသုံးပြုသူများအနေနဲ့ မိမိအသုံးပြုထားတဲ့ Android Version နဲ့မကိုက်ညီတဲ့အခါမှာဖြစ်စေ၊ Hardware ရဲ့အားနည်းချက်ကြောင့် Application တွေကို အသုံးပြုရာမှာ လေးလံမှုတွေရှိလာနိုင်ပါတယ်။ ဒီလိုလေးလံနှေးကွေးမှုတွေအတွက်တော့မဟုတ်ပေမယ့် မိမိရဲ့ Android Device မြန်မြန်ဆန်ဆန်လေးအသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါ အချက် ဆယ်ချက်ကိုလုပ်ဆောင်ကြည့်ခြင်းအားဖြင့် လုပ်ဆောင်ချက်တွေကို မြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
တန်ဖိုးအားဖြင့်လည်းသင့်တင့်လာပြီးရွေးချယ်စရာ Brand အမျိုးအစားများပြားလာခြင်းဟာလည်း Android ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ Android Device အသုံးပြုသူများအနေနဲ့ မိမိအသုံးပြုထားတဲ့ Android Version နဲ့မကိုက်ညီတဲ့အခါမှာဖြစ်စေ၊ Hardware ရဲ့အားနည်းချက်ကြောင့် Application တွေကို အသုံးပြုရာမှာ လေးလံမှုတွေရှိလာနိုင်ပါတယ်။ ဒီလိုလေးလံနှေးကွေးမှုတွေအတွက်တော့မဟုတ်ပေမယ့် မိမိရဲ့ Android Device မြန်မြန်ဆန်ဆန်လေးအသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါ အချက် ဆယ်ချက်ကိုလုပ်ဆောင်ကြည့်ခြင်းအားဖြင့် လုပ်ဆောင်ချက်တွေကို မြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
1. Hardware နှင့် Version မမျှတခြင်းမဖြစ်စေရန် စစ်ဆေးပါ။
Android ရဲ့ ICS Version ကိုအသုံးပြုချင်ပေမယ့် မိမိရဲ့ Hardware
အကြောင်းကိုနားလည်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ Hardware
နဲ့ကိုက်ညီမှုမရှိဘူးဆိုရင် Version Upgrade ပြုလုပ်ခြင်းကို
ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ Hardware
ကိုက်ညီမှုရှိမရှိသိချင်တယ်ဆိုရင်တော့ Android Forum
တွေမှာဝင်ရောက်ဆွေးနွေးနိုင်မှာဖြစ်သလို၊
နားလည်တတ်ကျွမ်းသူများနဲ့လည်းတိုင်ပင်နိုင်မှာဖြစ်ပါတယ်။
2.Launcher ကို စနစ်တကျအသုံးပြုပါ။
တချို့သော Android Device တွေမှာဆိုရင် Launcher
တစ်ခုထက်မကအသုံးပြုတာကိုတွေ့ရပြီး၊ တစ်ချို့သော Launcher
များဟာလည်းလုပ်ဆောင်မှုကို ပိုမိုလေးလံစေပါတယ်။
တစ်ခါတစ်ရံမှာဆိုရင် Launcher Error ဖြစ်ပေါ်တတ်ပြီး အဆိုပါ Error အရ
Reset ပြုလုပ်ရခြင်းမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ဒါကြောင့်မို့
မိမိနဲ့ သင့်တော်နိုင်မယ့် Launcher အမျိုးအစားတစ်ခုထဲကိုသာ
သတ်မှတ်အသုံးပြုသင့်ပါတယ်။
3.Home Screen ကို စနစ်တကျပြင်ဆင်ထားပါ။
Android Device တစ်ခုမှာ အရင်ဆုံးထိတွေ့ရတာ Home Screen ပဲဖြစ်ပါတယ်။
လုပ်ဆောင်ချက်တွေကိုလည်း Home Screen ပေါ်မှာ
ပြင်ဆင်ထားနိုင်ပြီး၊ အလွန်များပြားတဲ့ ထည့်သွင်းမှုမျိုးကတော့
လုပ်ဆောင်ချက်တိုင်းရဲ့
အချိန်ကိုပိုမိုကုန်စေနိုင်မှာဖြစ်ပါတယ်။ Wi-fi,Bluetooth,GPS,Lights
တို့ပါဝင်တဲ့ Widgets လိုမျိုးထည့်သွင်းထားမယ်ဆိုရင်တော့
လုပ်ဆောင်ချက်တွေကို ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။
4. Favourite App များကို Home Screen တွင်ထားပါ။
အထက်မှာဆိုခဲ့သလိုပဲ Home Screen ဟာဆိုရင် Android Device
တစ်ခုရဲ့ပင်မလုပ်ဆောင်မှုနေရာတစ်ခုဖြစ်ပါတယ်။
မိမိရဲ့အသုံးပြုမှုများတဲ့ Favourite App တွေကို Home Screen
ပေါ်မှာထားရှိခြင်းအားဖြင့် လုပ်ဆောင်ချက်တွေကို
ပိုမိုမြန်ဆန်လာစေနိုင်မှာဖြစ်ပါတယ်။ App တွေကို Page
တစ်ခုအတွင်းမှာ စုစည်းထားရှိပြီး အသုံးပြုမယ်ဆိုရင်
ပိုမိုအဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။
5.Animation လုပ်ဆောင်ချက်ကိုပိတ်ထားပါ။
Animation လုပ်ဆောင်ချက်ကို Display Setting
မှတစ်ဆင့်ပိတ်ထားမယ်ဆိုရင် ပိုမိုမြန်ဆန်တဲ့ Android Device
တစ်ခုကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Animation တွေဟာ System
ပိုင်းလုပ်ဆောင်ချက်တွေကို ထိခိုက်မှုရှိလာနိုင်တဲ့အတွက်
ပိတ်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ Animation ကိုပိတ်မယ်ဆိုရင်တော့
Setting>Display>Animation ထဲက No Animation
ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။
6.Browser မှ Plugin တွေကိုပိတ်ထားပါ။
Android Device တစ်ခုဟာဆိုရင်လက်ရှိအချိန်မှာတော့
အင်တာနက်အသုံးပြုနိုင်ဖို့ အားထားရာတစ်ခုဖြစ်လာပြီဖြစ်ပါတယ်။ Web
browser တွေရဲ့ Plugins တွေဟာဆိုရင်လုပ်ဆောင်ချက်ပိုင်းကို
ထိခိုက်နိုင်တဲ့အတွက်ကြောင့် အသုံးမလိုချိန်မှာ ပိတ်ထားသင့်ပါတယ်။
Browser Plug-ins တွေကိုပိတ်ထားချင်တယ်ဆိုရင်တော့
Browser>Setting>Enable Plug-ins ထဲက Off ကို
ရွေးချယ်ပေးရမှာဖြစ်ပါတယ်။
7.သာမန် Wall paper များကိုသာ ဦးစားပေးအသုံးပြုပါ
Android Device တွေရဲ့ စွမ်းဆောင်ရည်တွေဟာ တစ်လုံးနဲ့တစ်လုံး
မတူညီကြပေမယ့် သာမန် Wall Paper ကို အဓိကထားအသုံးပြုခြင်းဟာ
စက်အတွက်များစွာသက်သာစေနိုင်မှာဖြစ်ပါတယ်။ Live Wall Paper
တွေဟာဆိုရင် လုပ်ဆောင်ချက်တွေကိုနှေးကွေးစေနိုင်မှာဖြစ်လို့
အသုံးပြုရာမှာ အခက်အခဲဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သာမန် Wall
Paper တွေကိုသာအသုံးပြုသင့်ပါတယ်။
8.အသုံးမပြုသော App များကို ဖျက်ပစ်ပါ
Android Device တစ်ခုအတွင်းမှာ အသုံးမပြုတော့တဲ့ App တွေကို
ဖျက်ပစ်သင့်ပါတယ်။မလိုလားအပ်တဲ့ Space တွေ
ကုန်ဆုံးစေနိုင်မှာဖြစ်သလို၊ Background Process အနေနဲ့ Run
နေမယ်ဆိုရင် လုပ်ဆောင်ချက်ပိုင်းကို
များစွာထိခိုက်စေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အသုံးမပြုတော့တဲ့
App တွေကိုဖျက်ပစ်ရမှာဖြစ်ပါတယ်။
9.App End အတွက် Task Killer အသုံးပြုပါ
Task Killer ဟာဆိုရင် Android ပေါ်မှာ Background Process
တွေကိုပိတ်ချင်တဲ့အခါမျိုးမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
မလိုလားအပ်တဲ့ App တွေကြောင့် စက်လေးလံမှုကိုဖြစ်စေနိုင်ပြီး၊ Task
Killer လိုမျိုး App တွေဟာ Android Device တွေကို
အမြန်ဆန်ဆုံးအနေအထားနဲ့ အသုံးပြုနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။
10.Wi-fi, Bluetooth တို့ကို အသုံးပြုချိန်တွင်သာ ဖွင့်ထားပါ
Wi-fi, Bluetooth တို့ကိုအသုံးမပြုချိန်မှာ ပိတ်ထားမယ်ဆိုရင် Battery
Life Time ပိုမိုကြာမြင့်စေနိုင်မှာဖြစ်သလို၊ အခြားသော
လုပ်ဆောင်ချက်ပိုင်းဆိုင်ရာကို အနှောင့်အယှက်ပေးနိုင်မှာ
မဟုတ်တော့ပါဘူး။ ဒါကြောင့် Home Screen ပေါ်မှာ Widget
တစ်ခုဖန်တီးထားပြီး အလွယ်တကူ အဖွင့်အပိတ်ပြုလုပ်နိုင်ဖို့
ဖန်တီးပေးထားသင့်ပါတယ်။
No comments:
Post a Comment