ယခုအခါဈေးကွက်ထဲတွင် Huawei ဟန်းဆက်အဟောင်းများကို ပြန်လည် ပြုပြင်၍ရောင်းချနေမှုများရှိနေ သည်ကိုတွေ့ရသဖြင့် Huawei သုံးစွဲသူများ အနေဖြင့် တရားမ၀င်ဟန်းဆက်များ၊ အရည်အသွေးမမီသော ဟန်းဆက် များကို ၀ယ်ယူမိသောဖြစ်ရပ်များမဖြစ်ပွားစေရန် Huawei Device Myanmar မှ Huawei ဟန်းဆက် များတရားဝင်ဟုတ်၊ မဟုတ်ကို စစ်ဆေးနိုင်သော နည်းလမ်းများကို ထုတ်ပေးထားကြောင်းသိရသည်။
စစ်ဆေးနိုင်သော နည်းလမ်း များမှာ
(၁) *#06# ကိုနှိပ်ပါ။ IMEI Code ထွက်လာပါလိမ့်မည်။ ထို IMEI Code နှင့် Handset ဘူးခွံတွင် ပါဝင်သော IMEI Code နှင့် တိုက်ကြည့် ပါ။ တူညီနေလျှင် တရားဝင်အလုံးဖြစ်ပါသည်။
(၂) ဘူးခွံပေါ် တွင်ပါသော QR Code ကို Wechat, Viber တို့ဖြင့် Scan ဖတ်၍သော် လည်းကောင်း (သို့) http://consumer.huawei/ com/mm/support/ warranty- query/ index.htm ကိုရိုက်နှိပ်၍သော်လည်းကောင်း Huawei ၀က်ဘ်ဆိုက်၏ IMEI စစ်ဆေးသောနေရာ သို့ဝင်ရောက်နိုင် ပါသည်။ “ စုံစမ်း မေးမြန်းလိုပါ က IMEI/ MEID/MAC/SN နံပါတ်များကိုရိုက်ထည့်ပါ” ဆိုသော နေရာတွင် IMEI Code ကို ရိုက်နှိပ်၍စစ်ဆေး နိုင်ပါသည်။ တရားဝင်အလုံးမဟုတ်လျှင်“၀မ်းနည်းပါတယ်။ မိတ်ဆွေ စုံစမ်းလိုသော ပစ္စည်းမှာ Huawei မှ တရား ၀င်တင်သွင်းထားသော ပစ္စည်းမဟုတ်ပါ” ဟု ပေါ်လာ ပါလိမ့်မည်။
Huawei Device Department ၏ Country Director Mr.Roson Luo မှ “အခုဈေးကွက်ထဲမှာ Huawei ဟန်းဆက်အဟောင်းတွေ ကိုပြုပြင်ပြီး ပြန်လည်ရောင်းချနေတာကိုတွေ့ရပါတယ်။ အဲဒီအတွက် Huawei သုံးစွဲ သူတွေအနေနဲ့မှားပြီးဝယ်မိတယ်ဆိုရင် အရည်အသွေးမမီတာတွေ၊ နစ်နာ တာတွေကြုံတွေ့နိုင် ပါတယ်။ အဲဒီလို မျိုးတွေမဖြစ်စေဖို့၊ စစ်ဆေးဖို့နည်းလမ်း တွေကို ကျွန်တော်တို့ပြုလုပ်ပေးထားပါတယ်။ သုံးစွဲသူတွေအနေနဲ့လည်း Huawei Branded Shop တွေ၊ Huawei တရားဝင် ဟန်းဆက်ရောင်းချတဲ့ ဖုန်းဆိုင်တွေမှာ ၀ယ်ယူဖို့ တိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့ Huawei ဟန်းဆက်တိုင်းကို အကြိမ်ကြိမ် စမ်းသပ်စစ်ဆေးပြီးမှ ဈေးကွက် ထဲကို တင်သွင်းတာဖြစ်တဲ့အတွက် အရည်အသွေးကို စိတ်ချလက်ချ အသုံးပြုနိုင် ပါတယ်။ ကျွန်တော်တို့ Huawei ကလည်းသုံးစွဲသူများ အဆင်ပြေပြေ သုံးစွဲ နိုင်ဖို့ နည်းပညာမြင့်ဟန်းဆက်တွေအသုံးပြုနိုင်ဖို့အမြဲကြိုးစားနေ ပါတယ်” ဟု ပြောကြားခဲ့ပါသည်
Saturday, March 26, 2016
Huawei ဟန်းဆက်များ တရားဝင်ဟုတ်၊ မဟုတ်ကို IMEI Code ဖြင့် စစ်ဆေးနိုင်ပြီ” ♫
Subscribe to:
Post Comments (Atom)
No comments:
Post a Comment