်
ဒီနည်းလမ်းလေးကတော့ Software မသုံးပဲ ကွန်ပျူတာကို မိမိကြိုက်တဲ့အချိန်မှာ Auto Shutdown လုပ်ခိုင်းလို့ရတဲ့ နည်းလမ်းလေးပါ။ Computer ကို နောက်ထပ် တစ်နာရီကြာရင် Auto Shutdown လုပ်ခိုင်း မှာလား? မိမိစိတ်ကြိုက် အချိန်အတိုင်းအတာ တခုကိုလဲ သတ်မှတ်လို့ ရပါတယ်။ နည်းလမ်းလေးကလဲ အရမ်းကို လွယ်ပါတယ်။ အောက်ကနည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ကြည့် လိုက်ပါနော်........
1. Start Menu bar မှာရှိတဲ့ Start ကို click လုပ်လိုက်ရင် box လေးတခုကျလာပါမယ်။ အဲဒီ box ထဲက ညာဘက် အောက်နားမှာ Run ဆိုတာတွေ့ရပါလိမ့်မယ်။ ပြီးရင် Run Box ထဲမှာ shutdown.exe -s -t 3600 ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ပြီးရင် အထက်မှာပ်ါလာတဲ့ shutdown.exe -s -t 3600 ကို click လုပ်လိုက်ပါ။ 3600နေရာမှာ မိမိတို့စိတ်ကြိုက်အချိန်ကို သတ်မှတ်ပေးလို့ရပါတယ်။ ကျွန်တော်တို့ အဲ့ဒီကွန်မန်လေး
ပေးပြီးနောက်ထပ် စက္ကန့် ( 3600 ) တစ်နာရီကြာရင် စက်ကအလိုလို Shut down ကျသွားပါလိမ့်မယ်။
တချို့ Window Vista နဲ့ Window 7 တွေမှာတော့ Run ဆိုတာကို မြင်ရမှာ မဟုတ်ပါဘူး။ Start Menu bar မှာရှိတဲ့ Start ကို click လုပ်လိုက်ရင် ကျလာတဲ့ box လေးရဲ့ ဘယ်ဘက် အောက်ဆုံးမှာ Search programs and files ဆိုပြီး စာရိုက်ဖို့ နေရာလေး ပေးထားပါတယ်။ အဲဒီမှာ ရိုက်ထည့်လည်း ရပါတယ်။ နောက်တနည်းက Window + R ကို အတူ နိုပ် ပြီး ကျလာတဲ့ box ထဲမှာ ရိုက်ရင်လည်း ရပါတယ်။
2. တကယ်လို့ ကျွန်တော်တို့ပေးထားတဲ့အချိန်မှာ Shut down မချချင်တော့လို့ ပေးထားတဲ့ ကွန်မန်းလေးကို ပြန်ပြီးဖျက်ချင်တယ် ဆိုရင်လဲရပါတယ်။ Run Box ထဲမှာ shutdown.exe -a ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင်ကျွန်တော်တို့စောစောကပေးထားတဲ့ ကွန်မန်းလေးပြန်ပျက် သွားပါလိမ့်မယ်။
Saturday, March 26, 2016
Software မသုံးပဲ ကွန်ပျူတာကိုမိမိကြိုက်တဲ့အချိန်မှာ Auto Shutdown လုပ်ခိုင်းမယ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment