Tuesday, March 15, 2016

System app တွေပျက်သွားရင် ပြန်သွင်းနည်း

           System ကို ကလိပြီဆိုကတည်းက root access ရထားဖို့လည်း လိုအပ်ပါတယ်။
နောက် Root explorer ဆိုတဲ့ apk လေးလည်း လိုအပ်ပါတယ် ။
ဘယ်လိုလုပ်ရမလဲဆိုတော့ အခြားဖုန်းထဲက ကိုယ်လိုချင်တဲ့ system apk
ကို DX toolbox လေးသုံးကာ backup ယူလိုက်ပါ ပြီးရင် ကျွန်တော်တို့
ဖုန်းရဲ့ SD ကဒ် တစ်နေရာမှာသိမ်းထားလိုက်ပါ ။ ထို့နောက် Root Explorer
လေးကို ဖွင့်လိုက်ပါ ဖွင့်တဲ့အခါ root access တောင်းရင် allow လုပ်ပစ်လိုက်ပါ။
နောက်ပြီး root explorer လေးကို R/W လုပ်ရပါအုံးမယ် ဒါမှ Write လုပ်နိုင်မှာမို့ပါ။
အဲဒီ Root explorer လေးနဲ့ခုနက ကျွန်တော်တို့သိမ်းထားခဲ့တဲ့ system app
လေးတွေကို နာမည်လုံးဝမပြောင်းပဲနဲ့ system ကိုသွားပါ ပြီးရင်
System ထဲက app ထဲကို ခုနက သွင်းခဲ့တာလေးကို copy here
လုပ်ပေးလိုက်ပါ ပြီးရင် အဲဒီ app ကို အကြာကြီး ဖိထားကာ permission ကိုရွေးလိုက်ပါ အဲမှာ Owner ရဲ့ Read ရော Write ရော အမှတ်ခြစ်လေး

လုပ်ထားပေးလိုက်ပြီး OK နှိပ်လိုက်ပါ ။
ဒါဆို အဆင်ပြေသွားပါလိမ့်မယ် မတက်လာခဲ့ရင်
ဖုန်းကို Restart လုပ်ကြည့်လိုက်ပါ OK သွားပါလိမ့်မယ်ခင်ဗျာ

လိုအပ်ချက်များ-Root ထားရပါမယ် , Root Explorer , DX toolbox လေးများ ရှိထားရင် ကောင်းပါတယ် ။APK တွေကို နာမည်မပြောင်းပါနဲ့ သူ့မူလ အတိုင်းပဲ ထားပါ

DX Toolbox - Download 
Root Explorer -  Download 

သက်ဆိုင်သူများ ခရက်ဒစ် ပေးပါတယ်


No comments:

Post a Comment